Pages

Monday, 5 October 2015

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ မနောသုခကျောင်းတိုက်တွင် စကားများရန်ဖြစ်ရာမှ ဘုန်းကြီးတစ်ပါးက ကပ္ပိယတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

စကားပြော အဆင်မပြေရာမှ ၀ါတော် နှစ်ဝါ ရှိသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်း အသက် ၄၆ နှစ်က ၅၄ နှစ် အရွယ် ကပ္ပိယ ဦးရွှေမြအား ဓားဖြင့်ထိုးခဲ့ရာ ၀မ်းဗိုက်၊ လည်ပင်းတို့၌ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်ထားပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ချုပ်ထားပြီး ရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက " ဖြစ်တာက (ဌ) ရပ်ကွက်၊ ပုလဲသွယ်လမ်းရှိ မနောသုခကျောင်းတိုက်မှာ ဖြစ်တာပါ။ တိုင်ကြားလာတာ မဟုတ်ပါဘူး။ သတင်းကြားလို့ သွားရောက်စစ်ဆေးတဲ့အခါမှာ တရားခံကနေ သေဆုံးသူကို ဓားနဲ့ထိုးထားတာကို တွေ့ရပါတယ်။ တွေ့လို့မို့ အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ နယ်မြေစခန်းမှာ ချုပ်ပိုင်ခွင့်မရှိတာကြောင့် မြို့မစခန်းမှာ ရဲလုပ်ငန်း ဆောင်ရွက်နေစဉ်အတောအတွင်းမှာ ခဏချုပ်ထားတာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းက စကားများရန်ဖြစ်ပြီးတော့ ဖြစ်သွားကြတာ။ ပြောပြချက်အရပေါ့လေ" ဟု ပြောကြားသည်။

No comments:

Post a Comment