ဂရမ်မီဆုရ အဆိုတော် လေဒီဂါဂါသည် ဒီဇင်ဘာ ၁၁ ရက်တွင် နယူးယောက်ရှိ
Cipriani Midtown ၌ပြုလုပ်မည့် အမျိုးသမီး ဂီတပွဲတွင် အဆိုပါ ဂုဏ်ပြုဆုကို
လက်ခံရယူမည်ဖြစ်သည်။
“ဂီတနယ်ပယ်တွင် ဦးဆောင်မှု၊ ပင်ကို
စွမ်းရည်ရှိမှု၊ ပရဟိတ လုပ်ဆောင်မှု၊ ဂီတအတွက် တီထွင် ဖန်တီးမှုနှင့်
လူသန်းပေါင်းများစွာကို စေ့ဆော်နိုင်မှု စသည့်အချက်များကြောင့် ဂါဂါကို ၂၀၁၅
ခုနှစ်အတွက် သြဇာ လွှမ်းမိုးမှု အရှိဆုံး အဆိုတော်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်” ဟု Billboard က ထုတ်ပန်ခဲ့သည်။
No comments:
Post a Comment