Blogger Widgets

Monday, 14 April 2014

စကားများရာက ဇနီးအား ဖျာပေါ်တွင် မီးရှို့သဖြင့် သေဆုံး

နေပြည်တော်၊ ဧပြီ ၁၃

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာ၊ ကိုတူခွတဲတိုက်နေ ၀င်းလှိုင်(၃၇)နှစ်၏တောင်ယာတဲအား တောမီးကူးစက် လောင်ကျွမ်းရာမှ ၎င်း၏ဇနီးဖြစ်သူ မမိုးသူဇာ(၃၅)နှစ်သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်းသိရ၍ တောင်တွင်းကြီးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်(၁၀/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

အမှုအားစစ်ဆေးရာ ၀င်းလှိုင်၏တဲမှာ တောမီးကူးစက်သည့်အနေအထားမတွေ့ရခြင်းနှင့် သက်သေများ၏ထွက်ဆိုချက်များအရ ၀င်းလှိုင်အား ဆက်လက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဖျာဝယ်သည့်ကိစ္စနှင့်စကားများကြရာ ၀င်းလှိုင်မှအရက်မူးကာ မမိုးသူဇာအား ဖျာပေါ်တွင်ထိုင်ခိုင်းပြီးဖျာလိပ်၏အဖျားတစ်ဖက်အား ဓါတ်ဆီလောင်း၍ ဂတ်စ်မီးခြစ်ဖြင့်ခြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်မှုကြောင့် ဓါတ်ဆီအငွေ့ဟပ်ပြီး ဖျာလိပ်အားမီးလောင်ရာမှတစ်ဆင့် မမိုးသူဇာအား မီးကူးစက် လောင်ကျွမ်းသေဆုံးသွားကြောင်းနှင့် ၀င်းလှိုင်အား တောင်တွင်ကြီးမြို့မရဲစခန်း(ပ)၇၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top