ဧပြီလ(၁၆)ရက်နေ့ မနက်(၅)နာရီခွဲအချိန်က ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ခနောင်တိုချောင်းအ တွင်းရှိ
“တနင်္သာရီ”လွန်းကျင်းတွင် ကပ်ထားသည့် သင်္ဘောပန်ကာ၌ ကြိုးငြိနေ၍
ရေငုပ်ဖယ်ရှားသူဟာ လက်ရှိအချိန်အထိ ပြန်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
ဖြစ်ပုံမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ခနောင်တိုချောင်းအ တွင်းရှိ “တနင်္သာရီ”လွန်းကျင်းတွင် လွန်ခဲ့သော(၁၅)ရက်ခန့်က ဒေါက်တင်ထား သည့် “ရတနာထွန်းအောင်” ကုန်တင်သင်္ဘောသည် လွန်းကျင်းမှ ရန် ကုန်သို့ထွက်ခွာစဉ်
သင်္ဘောပန်ကာ၌ ကြိုးငြိနေသဖြင့်ရပ်ထားပြီး ပဲ့နင်းငယ်လုပ်သားဖြစ်သူ
အသက်(၂၈)နှစ်အရွယ် မောင်ထွန်းလှိုင် က ချောင်းအတွင်းရေငုပ်၍
ကြိုးအားဖယ်ရှားရာမှ ပြန်ပေါ်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း လူပျောက် အမှတ်စဉ် (၂/၂၀၁၄) ဖြင့် ရေးဖွင့်ကာ ရှာဖွေလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment