Pages

Friday, 18 April 2014

ယာဉ်ချောက်ထဲထိုးကျ တိမ်းမှောက်၍ ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှ မန်္တလေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နေ ဦးလွင်(၄၂)နှစ် မောင်းနှင်လာသည့် 7D/xxxx ပါဂျဲရိုး ခဲ/နက်ပြာရောင်စပ်ကြားယာဉ်သည် ဟံမြင့်မိုရ်-ရွာငံကားလမ်း၊ မိုင်တိုင်အမှတ် (၂၂/၂-၃) ကြားတွင် လမ်းယာဘက် ပေ(၁၅၀)ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်လာသည့် အိမ်မဲမြို့နေ ဒေါ်ချိုချို(၄၀)နှစ်ပါ ၂ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးလွင်၌ ယာနဖူးရောင်၊ ရင်ဘတ်အောင့်ဒဏ်ရာနှင့် တစ်မြို့တည်းနေ ဦးမောင်မောင် (၄၀)နှစ်ပါ ကျား ၁ ဦး၊ မ ၃ ဦး၊ စုစုပေါင်း(၄)ဦးတို့တွင် ရင်ဘတ်အောင့်၊ ကျောအောင့်၊ ခါးအောက် ပိုင်းနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးလွင်အား ရွာငံ မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment