Blogger Widgets

Sunday, 13 April 2014

လေဒီဂါဂါ နုပျိုအောင် ဘာတွေ လုပ်ထားသလဲ

ဂါဂါ တစ်ယောက် သဘာဝကိုအံတုပြီး ငယ်ရွယ်နုပျိုဖို့ အတွက် နေ့စဉ်နေ့တိုင်း Facelift tape သုံးပါတယ်။

အသက် ၂၈နှစ်ရှိပြီ ဖြစ်တဲ့ ဂါဂါဟာ သူမရဲ့ မေးရိုးနဲ့ လည်ပင်တ၀ိုက်က အရေပြား လျော့ရဲကျ
မနေစေဖို့ အတွက်နဲ့  အသားအရေ တင်းရင်းလှပစေဖို့အတွက်နဲ့ ပိုပြီးလူငယ်ဆန်ဖို့ အတွက် တိပ်သုံးနေတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီတိပ်ကပ်ခြင်းက သူမရဲ့ မနက်တိုင်း လုပ်ဆောင်လေ့ရှိတဲ့  တာဝန်တစ်ခုဖြစ်နေပြီလို့  ပြောပါတယ်။ ဒါဟာ သူမအတွက် ဆေးတစ်မျိုးဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာကို ပြောပြခဲ့ပါတယ်။

မျက်နှာသစ်တယ်။ ပြီးတော့ ဆံပင်ကို နောက်မှာလှန်ထားပြီး တိပ်ကပ်ဖို့ ကိုယ့်ကိုကိုယ်မေးကြည့်တယ်။ ဒီနေ့ တိပ်သုံးပြီးတော့ မျက်လုံးပုံစံကို ဘယ်လိုပြင်ရမလဲ ၊ ဘယ်လိုပုံစံ လုပ်ရမလဲ။ နောက်ပြီးတော့ လည်ပင်းနားကိုရော တိပ်နဲ့ ဘယ်လိုတင်းရင်းနေအောင် လုပ်ရမလဲလို့ စဉ်းစားတယ်လို့ ပြောပါတယ်။

Poke Face စတားလို့ အမည်ရတဲ့ ဂါဂါတစ်ယောက် သူမရဲ့ အပြင်အဆင်အတွက် ဖုံးကွယ်ခြင်း မရျိဘဲ ရိုးရိုးသားသား ၀န်ခံခဲ့ပါတယ်။ သူမက ပြင်ဆင်ထားတာကလည်း ရိုးသားမှုပဲလေ။ လှတယ်၊ ကြည့်ကောင်းတယ် ဆိုတာကလည်း ကြည့်သူရဲ့ မျက်စိထဲမှာ ချစ်စရာကောင်းပြီး သဘာဝကျနေလို့ ပဲပေါ့လို့ သူမက ဆိုပါတယ်။

ဒါပေမယ့် အရေပြားခွဲစိတ်ဆရာဝန် Jeya Prakash ကတော့ တိပ်သုံးခြင်းက အရေပြားမှာ မြဲမြံတဲ့ ထိခိုက်မှု ရစေနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ သူမက မျက်နှာကို တိပ်နဲ့ တင်းတင်း ကပ်လိုက်ခြင်းက သွေးလည်ပတ်မှုကို လျော့စေတယ်။ ဆိုလိုတာက မျက်နှာပြင် အရေပြားအနှံ့ကို လိုအပ်တဲ့ အာဟာရတွေ မရောက်နိုင်တော့ဘူး။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဆိုးကျိုးတွေ ရလာနိင်တယ်။ ဒါက အရေပြားအတွင်းပိုင်းမှာ ဒဏ်ရာရခြင်းပဲလေ။ အရေပြားအတွက် များပြားတဲ့ ဆဲလ်တွေက လိုအပ်တဲ့ အာဟာရကို အညီအမျှ မရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အမာရွတ်လို့လဲ ပြောလို့ရတယ်။ ရေရှည်မှာတော့ အရွယ်ကျခြင်းကို ပိုမြန်စေတယ်လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top