Blogger Widgets

Monday, 14 April 2014

ချစ်တင်းနှောတာ အသံကျယ်လို့ ထောင်ခြောက်လကျ

အသက် ၄၆ နှစ်အရွယ် အီတလီ အမျိုးသား တစ်ယောက်ကို သူ့ရဲ့ အိမ်နီးချင်း ၁၂ ယောက်လောက်က တရားစွဲဆိုခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ၎င်းအမျိုးသား ချစ်တင်းနှောချိန်မှာ ညည်းငြူတဲ့ အသံက အလွန်ကျယ်လောင်လို့ပါ။ အိမ်နီးချင်း ၁၂ ယောက်လောက်ထိအောင် တရားစွဲရတယ်ဆိုတော့ ဘယ်လောက်ကျယ်မလဲဆိုတာတောင် တွေးကြည့်ဖို့ ခက်မယ်ထင်ပါတယ်။

သူတို့ရဲ့ ညည်းငြူသံဟာ တိတ်ဆိတ်အေးချမ်းပြီး ကောင်းမွန်လှတဲ့ ကွန်ဒိုမီနီယမ်ရဲ့ ပတ်ဝန်းကျင်အနေအထားကို ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။ အနားဝန်းကျင်က လူတစ်ယောက်ရဲ့ ပြောပြချက်အရ

တစ်ကယ်ပါပဲ၊ သူ့ကောင်မလေးရဲ့ အော်သံဟာ ဒီတိုက်မှာရှိတဲ့ လူတွေကို တော်တော် နေထိုင်ရခက်စေပါတယ်။

ရလဒ်အနေနဲ့ကတော့ ချစ်တင်းနှောတဲ့ အမျိုးသားက ထောင်ခြောက်လ ကျခံစေရန် တရားရုံးက ချမှတ်ခဲ့ပါတယ်။ ယုံရခက်ပေမယ့် ဒီလိုအဖြစ်မျိုးနဲ့ ထောင်ကျတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

No comments :

Post a Comment

Blogger Widgets
Back to Top