ရန်ကုန်၊ ဧပြီ ၁၆
၁၆.၄.၂၀၁၄ ရက်နေ့ ၀၀၁၅ အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်း အတိုင်း ဒေါပုံဘက်မှသုဝဏ္ဏတံတားဘက်သို့ ယာဉ်မောင်း အောင်ဖြိုးလတ်၊ (၂၄)နှစ်၊ (ဘ)ဦးကြာညို၊ မင်္ဂလာဒုံမြို့နယ် နေသူမောင်းနှင်လာသော ယာဉ်အမှတ် 8J---- စူပါကာစတန်အမျိုးအစား နံ့သာရောင်ယာဉ်သည် သာကေတကျောက်တိုင်လမ်းဆုံအနီး ဧရာဝဏ်လမ်းမပေါ်အရောက် ဧရာဝဏ်လမ်းအတိုင်း သုဝဏ္ဏတံတားဘက်မှသာကေတအ၀ိုင်းဘက်သို့ ယာဉ်မောင်း ထွန်းလင်းအောင်၊ (၂၉)နှစ်၊ (ဘ)ဦးဗိုလ်မင်းအောင်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ် ၈ဂ/---- လိုက်ထရပ် အမျိုးအစား အဖြူရောင်ယာဉ်၏ခါးလယ်ကို ၀င်ရောက်တိုက်မိခဲ့သဖြင့် ၈ဂ/---- လိုက်ထရပ်ယာဉ်မှာ တိမ်းမှောက်သွားခဲ့ပါသည်။
ယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ၈ဂ/--- လိုက်ထရပ်ယာဉ်ပေါ်ပါ သန်လျင် မြို့နယ်နေ မနှင်းနှင်းအိ၊ (၂၅)နှစ်မှာဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားခဲ့ပြီး ယာဉ်မောင်း (၂)ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၉)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲ ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင်အတွင်း/ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။
ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သူ 8J---- စူပါကာစတန်ယာဉ်မောင်း အောင်ဖြိုးလတ် ကို သာကေတနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment