“သီချင်းနဲ့ ပတ်သက်ပြီး ကိုရီးယား အော်ပရာ အဆိုတော် Hye Ryeong Yoo ဆိုတဲ့ ဆရာမနဲ့ Vocal Training
လုပ်နေပါတယ်။ လောလောဆယ်တော့ Basic Techniques တွေကို ဆရာမ Hye Ryeong Yoo
နဲ့ အစကနေ ပြန်သင်နေပါတယ်။ Foundation ကောင်းမှ သီချင်းတွေ ကောင်းကောင်း
ဆိုနိုင်မှာလေ။ ဆရာမ နဲ့ Training လုပ်တယ်။ Practice ကတော့ ကိုယ့်ဘာသာ
ကိုယ်လုပ်ပါတယ်။ ကိုရီးယားနိုင်ငံ မှာပြိုင်မှာ ဆိုတော့ ကိုရီးယား သီချင်း
နဲ့ပြိုင်ဖို့ စဉ်းစား ထားပါတယ်။ ကိုရီး ယား သီချင်းနှစ်ပုဒ် ရွေးထားပါတယ်။
မြန်မာ သီချင်းကိုလည်း နိုင်ငံတကာက လာမယ့် သူတွေကိုဆို ပြချင်တယ်။
မြန်မာသံစဉ် သီချင်း စစ်စစ် တစ်ပုဒ် နဲ့ ခေတ်ပေါ် သီချင်း တစ်ပုဒ်ကိုလည်း
ပြင်ဆင်သွားမှာ ပါ။ အင်္ဂလိပ် သီချင်းကိုလည်း ပြိုင်ပွဲဝင်တွေ နဲ့ ပျော်ပျော်
ပါးပါးဆိုဖို့ အတွက်လည်း ပြင်ဆင်ထားပါတယ်” လို့ ပြော ပါတယ်။
မေမြတ်နိုးက နိုင်ငံတကာက အလှမယ်ပြိုင်ပွဲ
တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကိုလည်း လေ့ လာနေပြီး မြန်မာနိုင်ငံနဲ့
ပတ်သက်ပြီး ပြောပြ နိုင်ဖို့ အ တွက် မြန်မာနိုင်ငံ ရဲ့ ထင်ရှားတဲ့ နေရာတွေ၊
ထင်ရှားတဲ့ ပစ္စည်း၊ အစား အသောက်၊မြန်မာနိုင်ငံရဲ့သမိုင်းတွေက အစ
နိုင်ငံတကာနဲ့ ဝေမျှလို့ ရအောင် လေ့လာနေပါ တယ် ။မေမြတ်နိုး က ကိုရီးယား
နိုင်ငံမှာ ကျင်းပမယ့် Miss Asia Pacific World Super Talent ပြိုင်ပွဲကို မေလမှာ သွားရောက် ယှဉ်ပြိုင် ရမှာဖြစ် ပါ တယ်။

No comments :
Post a Comment