ရန်ကုန် ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ နှစ်(၆၀)ပြည့်
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅-ချက်နှင့် စပ်လျဉ်း၍
ဘာသာပေါင်းစုံမှ ပါဝင်သော ဟောပြောပွဲကို ရန်ကုန်မြို့ YMCA ခန်းမ၌ ယနေ့
နေ့လည် ၃-နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးကျော်စိုးက အမှာစကားပြောကြားခဲ့သည်။
၎င်းနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊

ဗုဒ္ဓဘာသာကိုယ်စား အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင် က ဟောပြောခဲ့သည်။
အစ္စလာမ်ဘာသာဝင်များကိုယ်စား အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊
ဟိန္ဒူဘာသာဝင်များကိုယ်စား ဒေါ်ကတ်သရင်းသိန်းနှင့်
ခရစ်ယာန်ဘာသာဝင်များကိုယ်စား သိက္ခာတော်ရ ဆရာတော် ဒေါက်တာစောမာဝေကြီးမှ
ပြောကြားခဲ့ကြပြီး အခမ်းအနား နိဂုံးချုပ် စကားအား ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်မှ
ပြောကြားခြင်းဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး၏ နှစ် ၆၀
ပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။

No comments :
Post a Comment