Blogger Widgets

Sunday, 23 March 2014

ပုခက်အတွင်းသိပ်ထားသည့် ကလေးငယ် ရေစည်ပိုင်းအတွင်းပြုတ်ကျ သေဆုံး

၂၁.၃.၂၀၁၄ရက်နေ့ ၁၈၃၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် လှိုင်သာယာဆေးရုံတွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေ အသက် (၂)လသားအရွယ်
ကလေးငယ် မောင်ဝိုင်းချစ်ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၆၃၀အချိန်ခန့်က ၎င်းကလေးငယ်ကို နေအိမ်ရှေ့ တံစက်မြိတ်တွင် စောင်ပုခက်ဖြင့်သိပ်ထားခဲ့ကြောင်း၊ အိပ်ယာနိုးချိန် လူးလွန့်ရာမှ ပုခက်အောက်ရှိ အမြင့်(၂)ပေ၊ အကျယ်(၃)ပေရှိသော
ကျောက်ရေစည်အတွင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍လှိုင်သာယာမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၄)ဖြင့် ရေးဖွင့်ကာစုံစမ်းစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top