Pages

Sunday, 30 March 2014

သင်္ကြန်တွင်း ခိုက်ရန် ဖြစ်ပွားပါက ချက်ချင်း အရေးယူနိုင်ရန် အထူးတရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည်


ရန်ကုန်

သင်္ကြန်ကာလအတွင်း ဖြစ်ပွားသော မှုခင်းများ အတွက် အထူးတရားရုံးများ ဖွင့်လှစ်ကာ နေ့ချင်းပြီး စီရင် ချက်ချသွားရန် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင် ဝင်းက ပြောကြားသည်။

ယင်းက ''သင်္ကြန်ကာလ အတွင်းမှာ မူးပြီးရမ်း ကားတာတွေ ခိုက်ရန် ဖြစ်ပွားတာတွေကို ချက်ချင်းအရေး ယူနိုင်အောင်လို့ တရားရုံးတွေ၊ အထူးတရားရုံးတွေကို ဖွင့် လှစ်ထားတယ်။ စည်းကမ်းဖောက်ဖျက်မှုတွေကို ချက်ချင်း အရေးယူသွားမယ်။ တစ်ထိုင်တည်း ဆုံးဖြတ်လို့ရအောင် ပေါ့။ နှစ်တိုင်းလဲ အရေးယူမှုတွေလုပ်ပါတယ်''ဟု ပြော သည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် မှုခင်းပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး လိုင်စင်မဲ့အရက်ဖမ်းဆီးမှုပေါင်း ၉၁ မှုဖြင့် အများဆုံးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ နည်းစေရန်အတွက် လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကွပ်ကဲမှုရုံးများဖွင့်ထားခြင်း၊ သင်္ကြန်မဏ္ဍပ် များ၌ လုံခြုံရေးဝန်ထမ်းများ ခန့်ထားခြင်း၊ စီစီတီဗွီကင် မရာများ တပ်ဆင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုများ လျော့နည်း စေရန် အနီးကပ် စောင့်ကြည့်ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ လိုက်နာရ မည့် စည်းကမ်းချက် အချက် ၂ဝ နှင့် သင်္ကြန်ကာလအ ထူး သတိပေးချက်များကိုလည်း ဧပြီလဆန်းမှ စတင်ကာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment