အိမ်ထောင် သက်တမ်း ၁နှစ်ကျော် အတွင်းမှာ အိမ်ထောင်တစ်ခု ရေရှည် တည်တံ့နိုင်ဖို့ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာမိနေပြီ လဲလို့ မေးတော့ “အိမ်ထောင် တစ်ခု ရပ်တည်ဖို့ဆိုတာ အကုန်လုံး ပါပါတယ်။ ယောက်ျားကလည်း ယောက်ျား အလျောက် တာဝန်ယူရတဲ့အပိုင်း၊ မိန်းမကလည်း မိန်းမ အလျောက် တာဝန် ယူရတဲ့ အပိုင်းက တအား အရေးကြီးပါတယ်။ ပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းမှု အပိုင်းကလည်း အရေးကြီး ပါတယ်။ အဓိကကတော့ သား၊ သမီးတွေ ရှိလာပြီဆိုရင် တည်မြဲဖို့က ပိုအရေးကြီးတယ်။ သားသမီး ရှိလည်း အိမ်ထောင်ကွဲ သွားတယ် ဆိုတာမျိုးက ကိုယ့်နှစ်ယောက်တည်း ဆိုရင် သိပ်မသိ သာပေမယ့် သားသမီး နဲ့ ကျရင် ကလေးတွေကို အများကြီး effect ရှိတယ်။ အိမ်ထောင်ကွဲသား သမီး တွေဆိုရင် သူတို့တွေမှာ ငယ်ငယ်ကတည်း ကအားငယ်တဲ့ စိတ်တွေ ရှိတယ်။ သားသမီး ရှိလာရင်တော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့မရတော့ဘူး။ သားသမီး စိတ်နဲ့ပဲလုပ် မှရမယ်။ တစ်ယောက် နဲ့တစ်ယောက် က နားလည် မှုရော၊ ညှိနှိုင်းမှုရော လိုတယ်။ နောက်ပြီး အရှိကို အရှိတိုင်းလည်း မြင်ဖို့လိုတယ်။ ကိုယ့်အိမ်ထောင် က ဘယ်ဘက်ကို ဦးတည်နေပြီလဲ ဆို တာမျိုး ပေါ့။ ကိုယ်လိုအပ် တာ တွေလည်း အများကြီး ရှိနိုင်သလို သူလိုအပ်ရင်လည်း ကိုယ် ကနားလည်အောင် ပြောပြတတ်ရမယ်။ တစ်ယောက် နဲ့တစ်ယောက် ပွင့်လင်းဖို့ တော့ လိုတယ်။ သူ့စိတ်၊ ကိုယ့်စိတ် သိဖို့ ကနားလည်မှု ထက်ပိုပြီးမြင့်သွားတယ်” လို့ပြောပြပါတယ်။

No comments :
Post a Comment