Pages

Thursday, 9 January 2014

ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ရတာ အိပ်မက်မက်နေသလိုပဲ ဆိုတဲ့ ခင်ဝင့်ဝါ

ငယ်ငယ်ကတည်းက လေးစား အားကျခဲ့ရတဲ့ ဒါရိုက်တာ ဦးစိုးမိုးနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခွင့်ရတာ အိပ်မက် မက်နေသလိုပါပဲ ဟု ခင်ဝင့်ဝါက ပြောသည်။
အလှမယ် ခင်ဝင့်ဝါသည် အနုပညာဘက် ခြေလှမ်းအဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဗီဒီယို ဇာတ်ကားများကို ရိုက်ကူးပြီး ဇာတ်ကားကြီးကို ပထမဆုံးအကြိမ် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
”အနုပညာ လောကမှာ တကယ် နာမည်ကြီးပြီး တော်တဲ့ ပုဂ္ဂိုလ် တစ်ဦးဆီမှာ အခုလိုမျိုး အနုပညာ အလုပ်လုပ်ခွင့် ရမှာကို တစ်ခါမှ မတွေးဖူးဘူး”ဟု ခင်ဝင့်ဝါက ဆိုသည်။
”ပထမဆုံး ဇာတ်ကားမို့ ရင်တအားခုန်နေပါတယ်။ ကိုယ့်ကိုလာပြီး ကမ်းလှမ်းတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာတယ်”ဟု ၄င်းကဆက် ပြောသည်။
အဝတ်အစားတွေတော့ စီစဉ်ပြီးကုန်ပြီ။ ညီမ ကာရိုက်တာလည်း တအားကြီးတာမဟုတ်ဘူး။ အိုက်တင် ဘက်တော့ ဦးစိုးမိုးကသင်ပေးမယ်လို့ ပြောတယ်”ဟု ခင်ဝင့် ဝါက ပြောသည်။

အဆိုပါ ဇာတ်ကားကို မကြာခင်အတွင်း စတင် ရိုက်ကူးမှာ ဖြစ်ကြောင်း ကမ္ဘာ့ အလှဆုံးစာရင်းထဲမှာ ခင်ဝင့်ဝါလည်း အဆင့် ၂၅ အထိ ရွေးချယ်ခံရကြောင်း သိရသည်။
”လုံးဝ မမျှော်လင့်ခဲ့ပါဘူး။ ရမယ်လို့လည်း မထင်ခဲ့ပါဘူး။ အခုရတော့ ဂုဏ်ယူတယ်။ အထူးသဖြင့် မြန်မာလူမျိုး ဖြစ်ခွင့်ရပြီး ကိုယ့်ပုံကို ဒါမြန်မာလို့ အားလုံးက သိခွင့် ရတဲ့အတွက် ပိုဂုဏ်ယူတယ်”ဟု ခင်ဝင့်ဝါက ပြော သည်။
”ပထမဆုတော့ အမှန်အတိုင်းပြောရရင် ကံတရားပါပဲ။ ပရိသတ်တွေပေးလို့သာ အခု ၂၅ ယောက်ထဲပါတာပါ။ လုံးဝ မမျှော်လင့်ရဲဘူး”ဟု ၄င်းက ဆက်ပြောသည်။

No comments:

Post a Comment