၁)
မြန်မာ-အင်ဒိုးနီးရှား ဆီးဂိမ်းဘောလုံးပြိုင်ပွဲအပြီးမှာ အရှေ့ဘက်
ပွဲကြည့်စင်နား မီးရှို့မှု ဖြစ်ပွားခဲ့ပေမယ့် လုံခြုံရေး အခြေအနေကို
ဝင်ထိန်းခဲ့ပါတယ်။ (DVB TV News)
၂)
မြန်မာနဲ့အင်ဒိုနီးရှား ပွဲအပြီး သုဝဏ္ဍကွင်း အပြင်ဘက်မှာ ပရိသတ်နဲ့ ရဲတွေ
အကြား ရုန်းရင်းဆန်ခတ် ဖြစ်နေပါတယ်။ ရဲတွေ က ဒိုင်းတွေကိုင်ပြီး
လုံခြူံရေး ယူ ထား ရပါတယ် ။ ပရိသတ်တွေက ရဲတွေကို ခဲတွေပစ်ပေါက်တာ ရှိပြီး
ဘောလုံးကွင်း ခြံစည်းရိုးတွေကို ပရိသတ်က ဖြို ဖို့ ကြိုးစားနေ တာတွေ ဖြစ်ပွားနေပါတယ်။ (DVB TV News)
၃) ( ၉ နာရီ
၄၅ မိနစ်) ဝေဇယန္တာလမ်းနဲ့ လေးထောင့်ကန် လမ်းထောင်မှာ ခဲတွေ နဲ့ပေါက်
လမ်းဘေးက ဆီးဂိမ်း ဆိုင်းဘုတ်တွေကို မီးရှို့နေတဲ့ လူတွေကို
လုံခြုံရေး ရဲတွေကဒုတ်တွေ နဲ့ ရိုက်ပီး စဖမ်းနေပြီ (DVB TV News)
၎) ၉နာရီ
၅၇မိနစ်ခန့်တွင် သုဝဏ္ဏကွင်းရှေ့တွင် အော်ဟစ်နေသော လူထုကြီးအား
မီးသတ်ပိုက်ဖြင့် ထိုးကာ ဖြေရှင်းသဖြင့် ပဋိပက္ခ ပိုမိုဆိုးရွားလာပြီဖြစ်
သည်။အော်ဟစ် ကာ ခဲများဖြင့် ပစ်ပေါက်သူများ ပိုမိုများပြားလာသကဲ့သို့
လုံခြုံရေးရဲများ၊ မီးသတ်များ လည်း ပိုမို များပြားလာပြီဖြစ်သည်။ ဝေဇယန္တာ
လမ်းမပေါ်တွင် မီးသတ်ကားများ လည်း တန်းစီကာ ရပ်ထားလျှက်ရှိသည်။
(မဇ္ဈိမသတင်းဌာန)

No comments :
Post a Comment