Pages

Thursday, 5 December 2013

ထိုင်းသရုပ်ဆောင်များ မြန်မာဆီးဂိမ်းလှုံ့ဆော်ပွဲတွင် ပါဝင်ဆင်နွှဲ

ထိုင်းသရဲကား Pee Mak ရုပ်ရှင်ဇာတ်ကားရဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေဟာ ဆီးဂိမ်းပွဲတော် လှုံ့ဆော်ရေး ဖျော်ဖြေပွဲမှာ ဒီဇင်ဘာ ၃ရက်နေ့က ပါဝင်တင်ဆက်ခဲ့ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်းက ဦးဆောင်စီစဉ်တဲ့ ဒီလှုံ့ဆော်ရေး ဖျော်ဖြေပွဲကို Junction Square မှာ ကျင်းပခဲ့တာဖြစ်ပြီး လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ သြရသ၊ ဘန်နီဖြိုး စတဲ့ သရုပ်ဆောင်အဆိုတော်တွေနဲ့အတူ မယ်စကြာဝဠာမြန်မာ မိုးစက်ဝိုင်လည်းပါဝင်ခဲ့ပါတယ်။
ထိုင်းအဆိုတော် Moss ကလည်း သီချင်းတွေနဲ့ဖျော်ဖြေခဲ့သလို Pee Mak သရုပ်ဆောင် ထိုင်းမင်းသမီး Davika ကလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေကို တင်ဆက်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ Missology က ပေးအပ်တဲ့ People Choice Award ကို မြန်မာအလှမယ် မိုးစက်ဝိုင်ကို ပေးအပ်ခဲ့ပါတယ်။

No comments:

Post a Comment