အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ
သင်တန်းတွေကို ပို့ချပေးချင်တယ်တဲ့အကြောင်း အမေရိကန် လွှတ်တော်
တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက
နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာကို
အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှုမှာ စစ်တပ်ကိုလည်း ချန်မထားသင့်တဲ့အကြောင်း၊
အမေရိကန်အနေနဲ့ မြန်မာစစ်တပ်မှာ ပိုပြီးခေတ်မှီတာတွေ professional
ကျွမ်းကျင်ပညာတွေ ရှိတာကို လိုလားသလို မြန်မာစစ်တပ်ကိုယ်တိုင်ကလည်း
ပြုပြင်ပြောင်းလဲလာတာကို လိုလားတယ်လို့ အမေရိကန် Pentagon
စစ်ဌာနချုပ်က တာဝန်ရှိသူ Vikram Singh က ပြောပါတယ်။
ဒါပေမယ့်
တချိန်က မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်ဖို့အတွက်
ကြိုးပမ်းခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် Joe Crowely ကတော့
မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးချိုးဖောက်
ဖိနှိပ်မှုတွေရှိနေသေးတဲ့အတွက် အခုလို စစ်တပ်ကို အကူအညီပေးမယ်ဆိုတာဟာ
အရမ်းကို မြန်ဆန် လွန်းတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။
အဲဒါအပြင်
စစ်တပ်ကို လူမသတ်ဖို့၊ အဓ္ဓမပြုကျင့်မှုတွေမလုပ်ဖို့နဲ့
လယ်မြေတွေမခိုးယူဖို့ ဆိုတဲ့ သင်တန်းကို ပေးစရာမလိုတဲ့အကြောင်း၊ အဲလို
သင်တန်းတွေ ပေးမယ့်အစား မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု
ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက်
စစ်တပ်က ပါဝင်ထောက်ခံလာအောင် တိုက်တွန်းပေးသင့်တယ်လို့ Joe Crowley က
တုန့်ပြန်ထား ပါတယ်။
No comments:
Post a Comment