သူတို့ဝင်ပြိုင်တဲ့ပွဲတွေက အများအပြားပါပဲ။ အားလုံးက အစွမ်းကုန် ကြိုးပမ်းခဲ့ကြပါတယ်။ တချို့လည်း ဆုတွေရကြ၊ အနည်းဆုံးတော့ ကိုယ့်နိုင်ငံ အွန်လိုင်းပရိသတ်အားပေးမှုကို ရကြပါတယ်။
လတ်တလော ပြိုင်ပွဲတခုမှာ ၀င်ပြိုင်နေတဲ့သူကတော့ ဂုဏ်ရည်အေးကျော် ဖြစ်ပါတယ်။
Miss International 2013 ပြိုင်ပွဲဝင်မယ့် ဂုဏ်ရည်အေးကျော်က အသက် ၂၄။ မန္တလေးသူ။ မန္တလေးမှာ နာရေးကူညီမှုအတွက် လှုပ်ရှားတက်ကြွသူ။
ဂျပန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမယ့်သူ။
မနှစ်က ဒီပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုခဲ့သူက နန်းခင်ဇေယျာ။
ဒီနှစ်တော့ ဂုဏ်ရည်အေးကျော်။

ဒီပို့စ်မှာ ဂုဏ်ရည်အေးကျော်ရဲ့ လှုပ်ရှားမှုတခုအကြောင်း နဲ့
ဓာတ်ပုံတွေကို မဖတ်ရသေးသူများ၊ လေ့လာလိုသူများအတွက် သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ
ဖော်ပြလိုက်ပါတယ်။
လာအိုနိုင်ငံက အခမ်းအနားတခုကို သွားရောက်ပြီး အောင်စေ၊ ပိုင်စေ၊ နိုင်စေ သီချင်း တီးခတ် တင်ဆက်ခဲ့တဲ့အကြောင်းပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရေးသားခဲ့တာပါ။

လာအိုနိုင်ငံ စင်မြင့်ထက်မှာ အောင်စေ၊ ပိုင်စေ၊ နိုင်စေ သီချင်း တီးခတ်ပြီး မြန်မာ့ယဉ်ကျေးမှု အနုပညာ စောင်းသံသာကို တင်ဆက် ပြသခဲ့ပါတယ်။
ချစ်ရတဲ့ မြန်မာပြည်သူပြည်သားများရှင်…
ဂုဏ်ရည်အခု လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ Miss Myanmar International Top 5 Finalist သွန်းဆုဒြာနဲ့ အတူ ရောက်ရှိနေပါတယ်။

လာအိုနိုင်ငံရှိ International Cultural Tourism Cooperation ရဲ့
ဖိတ်ကြားချက်အရ Miss Myanmar International ပြိုင်ပွဲကို ကျင်းပပြုလုပ်တဲ့
Myanmar Tourism Federation ရဲ့ ဦးဆောင်မှုနဲ့ အတူ နိုင်ငံတကာ
ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ အတွက် မြန်မာပြည်ကိုယ်စားပြု ရောက်ရှိနေခြင်း
ဖြစ်ပါတယ်။
ပွဲမှာ တစ်နိုင်ငံကို ယဉ်ကျေးမှုနဲ့ သက်ဆိုင်ရာ အနုပညာ ပြသချိန် မိနစ် ၂၀
စီ ရတဲ့ အတွက် မြန်မာနိုင်ငံအတွက်ရတဲ့ အချိန်အတွင်းမှာ အောင်စေ၊ ပိုင်စေ၊
နိုင်စေ သီချင်းကို ဂုဏ်ရည် စောင်းနဲ့ တီးခတ်ဖျော်ဖြေပါမယ်။
ပြီးရင် စကားဝါမြေနတ်ဒိုးနဲ့ သွန်းဆုဒြာက ကပြပြီးနောက်မှာ တူးပို့၊
တူးပို့ သင်္ကြန်သီချင်းကို သွန်းဆုသီဆိုပြီး ဂုဏ်ရည်ကပြသွားမှာပါ။
ငါးရက်လောက်ပဲ ပြင်ဆင်ချိန် ရခဲ့ပေမယ့် ဂုဏ်ရည်တို့ ရသလောက်အချိန်နဲ့
အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။
ပြင်ဆင်ချိန်နည်းတော့ နိုင်ငံကိုယ်စားပြုပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်ပြီး
အကောင်းဆုံး performance မပြနိုင်မှာ စိုးရိမ်မိပြီး အားငယ်မိပေမယ့်
နိုင်ငံတကာလာရောက်ပြသကြတဲ့ အနုပညာတွေမှာ တူရိယာပစ္စည်းတီးခတ်တာ ဂုဏ်ရည်တို့
မြန်မာသာပါရှိပြီး တခြားနိုင်ငံများက တေးသရုပ်ဖော်၊ အက၊
ရိုးရာသရုပ်ဖော်တွေ ဖြစ်လို့ ကိုယ့်ကိုကိုယ်ပြန်ပြီး အားပေးရပါတယ်။
ဒီနေ့ Rehearsal, အစမ်းလေ့ကျင့်တာလည်း အကြိမ်ကြိမ်ပြုလုပ်ပြီးသွားပြီ
ဖြစ်ပြီး အားလုံးလည်း အဆင်ပြေချောမွေ့တာမို့ မနက်ဖြန်ယှဉ်ကျေးမှုဖလှယ်ပွဲမှာ
ကိုယ့်နိုင်ငံအတွက်ကိုယ်အားခဲရင်း …. အားလုံးပဲ မင်္ဂလာညချမ်းကို
ပိုင်ဆိုင်နိုင်ကြပါစေ

No comments :
Post a Comment