ရိုက်တာ။ ဇွန်လ ၂၇
မြန်မာနိုင်ငံက ၉၆၉ လို့အမည်ရတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်လှုပ်ရှားမှုဟာ အောက်ခြေလူတန်းစားရဲ့ ယုံကြည် မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဝီရသူဟာ စစ်အစိုးရလက်ထက်က မွတ်စလင် ဆန့် ကျင်ရေးအကြမ်းဖက်မှုကြော င့် ထောင်ဒဏ်အပြစ်ပေးခံရသူဖြစ်ြ ပီး သူ့ကိုယ်သူ “ဗမာဘင်လာ ဒင်” လို့ ခေါ်ဝေါ် ခဲ့သူလည်း ဖြစ်တယ်။
ဒါပေမယ့် ၉၆၉ ရဲ့ ဇာစ်မြစ်ကို စူးစမ်းလေ့လာတဲ့လိုက်တဲ့အခါ
ယနေ့ပြုပြင်ပြောင်းလဲရေး အစိုးရက တိုက် ရိုက် ဆက်ခံခဲ့တဲ့
ယခင်အာဏာရှင်လက်ထက်မှာ တရားဝင်ဖြစ်ခဲ့တာပါ။ NLD ပါတီဝင် အချို့အပါအ၀င်
ဘုန်းကြီးတွေနဲ့ တည်ထောင်ထားတဲ့ ၉၆၉ လှုပ်ရှားမှုဟာ အခုတော့ အစိုးရထိပ်တန်း
အာဏာပိုင်တွေ ရဲ့ ထောက် ခံမှုနဲ့ ပျော်မွေ့နေပါတော့တယ်။
သူ့အား ထောက်ခံသူများတွင် မြန်မာသာသနာရေးဝန်ကြီးလည်း အပါအ၀င်ဖြစ်သည်။
“ဦးဝီရသူရဲ့ တရားတွေက ဘာသာတရားတွေအကြား နားလည်မှုနဲ့ ချစ်ကြည်မှု တိုးမြှင့်ရေး အကြောင်းတွေ ပါ ပဲ”လို့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က သူ့ရဲ့ပထမဆုံးနိုင်ငံတကာမီဒီယာနဲ့ အင်တာဗျူးမှာ ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
“ဦးဝီရသူဟာ ဘာသာရေးအကြမ်းဖက်မှု လှုံ့ဆော်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ ၀န်ကြီးက ဆိုပါတယ်။
ယခင် မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦြး ဖစ်သူ
ဦးဆန်းဆင့်က ၉၆၉ ဦးဆောင်တဲ့ မွတ်စလင် စီးပွားရေး ဆန့်ကျင်မှုကို ဘာမှ
မမှားသလို ရှုမြင်ပါတယ်။ “ကျွန်တော်တို့ အခု ဈေးကွက်စီးပွားရေးစနစ်ကို
ကျင့်သုံးနေပါတယ်၊ ဒါကို ဘယ်သူမှ ရပ်တန့်လို့မရပါဘူး၊ ဒါဟာ စားသုံးသူရဲ့
သဘောဆန္ဒပဲလေ”
သမ္မတဦးသိန်းစိန်ကလည်း ၉၆၉ နှင့်ပတ်သက်တဲ့
အမြင်ကို အချက်ပြပေးလိုက်ပါပြီ။ သမ္မတရုံးက ဒီအပေါ် မှာ မှတ်ချက်ပေးဖို့
ငြင်းဆန်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုအပေါ်မှာ အငြင်းပွားမှုတွေ ကြီးထွား လာတဲ့အတွက်
သမ္မ တရုံးရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ “၉၆၉”ဟာ ငြိမ်းချမ်းရေး သင်္ကေတ
ဖြစ်ပြီး၊ ဦးဝီရသူဟာ “ဗုဒ္ဓဘု ရား ရှင်ရဲ့ သားတော်တစ်ပါးသာ”ဖြစ်တယ်လို့  တုန့်ပြန်ပါတယ်။
မြန်မာနိုင်ငံအနှံ့ဖြစ်ပွား ခဲ့တဲ့ လူမျိုးစုအကြမ်းဖက်မှုတွေမှာ
ဝီရသူနဲ့ အခြားဘုန်းကြီးတွေ နီးနီးကပ်ကပ် ပါဝင် ပတ်သက်နေသတဲ့။
မွတ်ဆလင်ဆန့်ကျင်ရေးတွေဟာ တိုင်းပြည်ကို ရာစုနှစ်ဝက်နီးပါး
ချုပ်ကိုင်ခဲ့တဲ့ အာဏာ ရှင်တွေရဲ့လက်ထက်မှာကတည်းက တအုံနွေးနွေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခု အရပ်သား တစ်ပိုင်း အစိုးရလက်ထ က်မှာမှ ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ နှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့
အကြမ်းဖက်မှုမှာတော့ အနည်းဆုံး လူပေါင်း ၁၉၂ ယောက်သေဆုံးပြီး လူပေါင်း
၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။
အများစုဟာ နိုင်ငံမဲ့ ရိုဟင် ဂျာတွေပဲ။ ရိုက်တာသတင်းဌာနရဲ့
စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိရတာကတော့ ပြီးခဲ့တဲ့ အောက် တို ဘာလက
မွတ်စလင်တွေကို တိုက်ခဲ့တဲ့နေရာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ မြှောက်ပင့်လှုံ့ဆော်မှုနဲ့ ရခိုင် အမျိုး သားရေးဝါဒီများ က ဦးဆောင်ခဲ့တာဖြစ်ပြီး လုံထိန်းတပ်ဖွဲ့ဝင်တွေရဲ့ အားပေးကူညီမှုများလည်း ပါဝင်နေ တယ်လို့ဆိုပါတယ်။
ဒီနှစ် မတ်လမှာထပ်ဖြစ်ခဲ့တဲ့ မိတ္ထီလာပဋိပက္ခမှာတော့ သေဆုံးသူ အနည်းဆုံး ၄၄
ဦးရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၃၀၀၀ ကျော်ရှိကာ အများစုမှာ
မွတ်စလင်တွေဖြစ်ပါတယ်။
ဧပြီလမှာလည်း ဘုန်းကြီးဦးဆောင်တဲ့ ဗုဒ္ဓဘာသာဝင်အုပ်စုကြီးရဲ့ သောင်းကျန်းမှုကြောင့် သတ်ဖြတ် မှုတွေဖြစ် ခဲ့တာကိုလည်း ရိုက်တာသတင်းဌာနက မှတ်တမ်းတင်ထားပါတယ်။
မေလမှာတော့ မြန်မာပြည်မြောက်ပိုင်း လာရှိုးမြို့မှာ ဗုဒ္ဓဘာသာလူအုပ်ကြီး
မွတ်စလင်ပိုင်အိမ်တွေကို မီးရှို့ အကြမ်းဖက်ခဲ့ကြတယ်။ အုံကြွမှုများ
နိုင်ငံတ၀ှမ်း ပြန့်နှံ့ချိန်မှစပြီး အစီရင်ခံစာတွေ ပေါ်ထွက်ခဲ့ပါတယ်။
“၉၆၉”ဂဏန်းဟာ ရတနာသုံးပါးကို ကိုယ်စားပြုထားတာပါလို့လည်း ဆိုရဲ့၊ အခြေတည်စ မြန် မာ့ပြုပြင်ပြောင်း လဲရေး ကို ပျက်စီးစေမယ့် မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခတွေမှာ စိတ်ဓာတ်ရေးရာ အားပေး အားမြှောက် အကာအကွယ်ပြုပေးနေကြတာကိုလည်း
တွေ့ရပြန်တယ်။ ၉၆၉ ဆရာတော်တွေ ထဲမှာ နောက်ထပ်ထင်ရှားတာကတော့
ဝိမလဘိဝံသဖြစ်တယ်။ သူက မွတ်စလင်တွေကို အကာအကွယ်မဲ့ အိမ်ထဲဝင်လာပြီး
အိမ်သားတွေကို အလစ်သုတ်သွားတဲ့ ကျားသတ္တ၀ါနဲ့ နှိုင်းယှဉ်ပြောပါတယ်။
“စည်းမရှိ ကမ်းမရှိရင် ဒို့ဘာသာနဲ့ ဒို့သာသနာ ကွယ်ပျောက်သွားလိမ့်မယ်၊
အခန့်မသင့်ရင် တိုင်းပြည်တောင် မှ ပျောက်သွားနိုင်တယ်”လို့ မကြာသေးခင်က
ပြုလုပ်တဲ့ တရားပွဲမှာ ဆရာတော်က တရားရေအေး တိုက်ကျွေးခဲ့တာပါ။
တရားဝင်အနေနဲ့တော့ မြန်မာနိုင်ငံဟာ နိုင်ငံတော်သာသနာမရှိပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူလူတန်း စားတွေ ကတော့
ဗုဒ္ဓဘာသာကိုပဲ ဦးစားပေးခဲ့ပါတယ်။ မွတ်စလင်တွေဟာ လူဦးရေရဲ့ ၎
ရာခိုင်နှုန်းခန့်ပဲ ရှိပါမယ်။ တိုင်းပြည်လူဦးရေ သန်း ၆၀ ရဲ့ ၉၀
ရာခိုင်နှုန်းလောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး စစ်အစိုး ရ လက်ထပ်ကတည်းက
သာသနာရေးဝန်ကြီးဌာနကိုလည်း သီးသန့်ဖွဲ့စည်းပြီး အထူးအားပေးခဲ့ပါတယ်။
အသုံးချဖို့ လွယ်ကူဆုံး
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ရဟန်းသံဃာတွေဟာ ရှုပ်ထွေးစွာ
ပါဝင်လှုပ်ရှားကြပါတယ်။ ၂၀၀၇ ခုနှစ်မှာ စစ် အုပ် ချုပ်ရေးကို ဆန့်ကျင်တဲ့
ဒီမိုကရေစီကိုထောက်ခံတဲ့ “ရွှေဝါရောင်တော်လှန်ရေး” မှာလည်း ဘုန်းကြီး များ က
အဓိကနေရာက ပါဝင်ခဲ့ကြတယ်။ အဲဒီမှာတုန်းက လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့
သူ့ရဲ့အစိုး ရ အရာရှိကြီးတွေက ရဟန်းသံဃာတွေကို နှိပ်ကွပ်ခဲ့ကြတယ်။ အခုတော့ ဦးသိန်းစိန် က ပြုပြင်ပြောင်း လဲရေးအစီစဉ်ေ တွနဲ့
လွတ်လပ်စွာဟောပြောခွင့်၊ စုရုံခွင့်တွေ ဖွင့်ပေးသလို တိုင်းပြည်ရဲ့
လူ့စွမ်းအား အရင်းအမြစ် ၅ သိန်းပမာဏရှိတဲ့ သံဃာထုကိုလည်း လွတ်လပ်မှုပေးခဲ့တဲ့
အတွက် “၉၆၉”၀ါဒအပါအ၀င် ဗုဒ္ဓဘာသာတရားများကို လှည့်လည်ဟောပြောခွင့်ရခဲ့ကြ ပါတယ်။
မြန်မာ့ဒီမိုကရေစီအသွင်းပြောင်းကာလမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးအင်အားစုတစ်ရပ်အေ နနဲ့
သံဃာတွေ ပေါ်ထွက်လာပါပြီ။ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ လျှို့ဝှက်အကြံ
အစည်တစ်ခုကို အကောင်အထည်ဖော်ဖို့ ပေါ်ထွက်လာပါတယ်။ ၉၆၉ လှုပ်ရှားမှုဟာ
အာဏာရှင်ဟောင်းများထဲက သဘောထားတင်းမားသူတွေက ထိန်းချုပ်ထားပြီး သူတို့တွေ ဟာ
ပြုပြင်ပြောင်းလဲရေးကို လမ်းချော်စေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ဟာ
ရွေးကောက် ပွဲမှာ မဲအပြတ်အသတ်မနိုင်စေဖို့ ဖျက်ဆီးနေကြသူတွေလည်းဖြစ်တယ်။
ဒီယုံကြည်မှုကို ထောက်ခံဖို့ သက်သေတော့ မရှိသေးပါဘူး။ ဒါပေမယ့်
အစိုးရပိုင်ထဲကတချို့ ရဲ့ ပြောကြား ချက်အရတော့ ဒါဟာ ဖြစ်နိုင်ချေရှိပါတယ်တဲ့။
“တစ်ချို့ လူတွေဟာ ပြုပြင်ပြောင်းလဲဖို့ အလွန်စိတ်အားထက်သန်သလောက်
တစ်ချို့ကျတော့လည်း မပြောင်းလဲချင်ဘူး” လို့ ဦးသိန်းစိန်ရဲ့
အနီးကပ်အကြံပေးတစ်ယောက်ဖြစ် တဲ့ ဦးစိုးသိန်းက ရိုက်တာ ကို ပြောပါတယ်။ “ဒါကြောင့် လူမျိုးရေးပဋိပက္ခတွေကိုကြည့်မယ်ဆိုရင် တစ်ချို့ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့ သူတွေ အဲဒီဘက်မှာ ရှိနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
တကယ်တမ်း သဘောထားတင်းမာတဲ့ အာဏာပိုင်တွေက ထိန်းချုပ်တာမဟုတ်ဘူးဆိုရင် တောင် အောက်ခြေ လူတန်းစာမှာရေ အထက်တန်းလွှာထဲမှာပါ လှုပ်ရှားမှုကို ကျယ် ကျယ်ပြန့်ပြန့် ထောက်ခံကြမှာပါ။
၉၆၉ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ၀ိမလဘိဝံသကတော့ “ဦးဇင်းတို့ကို ကိုယ့်ဘာသာ၊
ကိုယ့်လူမျိုးကို ကာကွယ် ဖို့ ဟောပြောခွင့်ပေးတဲ့အတွက် အာဏာပိုင်တွေက
ဦးဇင်းတို့ကို ထောက်ခံနေတယ်လို့ပဲ ယူဆပါတယ်”လို့ ဆိုပါတယ်။
ဒါကို ဗမာမွတ်စလင်အသင်း ရန်ကုန်တာဝန်ခံကလည်း သဘောတူပါတယ်။
“မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ
ကြီးထွားလာပြီး အစိုးရက ရပ်တန့်အောင် မလုပ်နိုင်ဘူး”လို့
မွတ်စလင် ဆရာတစ်ဦးဖြစ်တဲ့ ဦးမျိုးဝင်းက ဆိုပါတယ်။ သူက ၉၆၉ ကို
အမေရိကန်နိုင်ငံက အစွန်းရောက် အဖွဲ့ဖြစ်တဲ့ ကေသုံးလုံးအဖွဲ့(Ku Klux
Klan)နဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။
သာသနာရေးဝန်ကြီး
ဦးဆန်းဆင့်ကတော့ ဒီလှုပ်ရှားမှုကို အစိုးရကျောထောက်နောက်ခံပြု မထားပါဘူးလို့
ဆိုပေမယ့် ၀ီရသူနဲ့ အခြားဘုန်းကြီးရဲ့ အယူအ၀ါဒကိုတော့ ကာကွယ်သွားပါတယ်။
“သူတို့တွေဟာ ပြဿနာတွေဖြစ်အောင် ဟောပြောလိမ့်မယ်လို့ မထင်ပါဘူး”လို့
ဝန်ကြီးဆိုတယ်။ ဒေသခံ အာဏာပိုင်များကလည်း အလားတူ ဒီလှုပ်ရှားမှုကို
ထောက်ပံ့ပေးနေပါတယ်။
အသောကကျောက်စာတိုင်နဲ့
ဓမ္မစကြာပုံနောက်ခံထားပြီး ၉၆၉ လို့ ရေးထိုးထားတဲ့ တံဆိပ်ကို ဆိုင်တွေ၊
အိမ်တွေ၊ တက္ကစီတွေနဲ့ ရွှေတိဂုံဘုရားက အမှတ်တရပစ္စည်းအရောင်းဆိုင်ေ တွမှာ ကပ်ထားကြပါတယ်။ ဒါတွေဟာ မငြိမ်သက်တဲ့ဒေသတွေမှာ မြင်တွေ့နေကြဖြစ်နေပါပြီ။
တချို့အာဏာပိုင်တွေက ဒီသင်္ကေတကို ကြည်ညိုကြပါတယ်။ ဒီနှစ် ဧပြီလအတွင်းမှာပဲ
ပဲခူးတရားရုံးမှာ ပဋိပက္ခကာလအတွင်း ကွမ်းယာဆိုင်က ၉၆၉ စတေကာခွာတဲ့အမှုနဲ့
မွတ်စလင်တစ်ဦးကို ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်ပါတယ်။ သူ့ကို
ဗြိတိသျှကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေထဲက “ဘာသာသာသနာ ညှိုးနွမ်းစေမှု”နဲ့ အရေးယူခဲ့တာပါ။
အစိုးရတစ်ပိုင်းက အစပြုလို့
____________________
၉၆၉ အယူအဆရဲ့ မူလဇစ်မြစ်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ဒီလှုပ်ရှားမှုဟာ
အစိုးရနဲ့ ချိတ်ဆက်နေ တယ်ဆိုတာ တွေ့ရမှာပါ။ ဦးဝိမလ၊ ဦးဝီရသူနဲ့ တခြား ၉၆၉
တရားဟောတဲ့သူတိုင်းက ညွှန်းလေ့ရှိတာ ကတော့ ဒီအယူအဆကို ဘုန်းကြီးလူထွက်
ယခင်အစိုးရအရာရှိဟောင်းနဲ့ အရေးသွက်သော စာရေးဆရာ တစ်ဦးဖြစ်သူ
ဦးကျော်လွင်(နှစ်ဖက်လှ)က တီထွင်ခဲ့တယ်ဆိုတာပါပဲ။ အခုတော့ သူ့ကို
ဘာသာရေးအ၀န်း အ ၀ိုင်းရဲ့ အပြင်ဘက်မှာ မေ့ထားကြပါပြီ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကို အကြမ်းဖက်နှိပ်ကွပ်ပြီးနောက်မှာ
ဗုဒ္ဓဘာသာကို ချီးမြှင့်မြှောက်စားဖို့ အာဏာရှင်အစိုးရဟာ ဦးကျော်လွင်ကို
ရွေးချယ်ခဲ့ပါတယ်။ အရေးတော်ပုံမှာ စစ်တပ်က ဘုန်းကြီးတွေ အပါအ၀င် လက်နက်မဲ့
ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့လို့ ထောင်ပေါင်းများစွာ သေကြေဒဏ်ရာရခဲ့တဲ့ပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ဘုန်းကြီးတွေက စစ်တပ်မိသားစုတွေရဲ့ ဆွမ်းကပ်တာကို
လက်မခံဘဲ ပတ္တနိက္ကုဇနကံဆောင်ပါတယ်။
အဲဒီနောက်မှာတော့
စစ်အစိုးရဟာ ထကြွသောင်းကျန်းလိုတဲ့ ဘုန်းကြီးတွေကို ယဉ်ပါးလာစေဖို့နဲ့
သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပြုပြင်ဖာထေးဖို့ ဗုဒ္ဓဘာသာကို
ရွေးကောက်လိုက်ပါတယ်။ ဘုန်းကြီးတွေကို မှတ်ပုံတင်ပေးပြီး သူတို့ရဲ့
လှုပ်ရှားမှုကို ကန့်သတ်လိုက်ပါတယ်။ အစိုးရပိုင်မီဒီယာတွေကနေလည်း တစ်နေ့ တစ်နေ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အလှူဒါနတွေ ဆွမ်းကပ်တာတွေကိုပဲ အဆက်မပြတ် ဖော်ပြ ပါတော့တယ်။
၁၉၉၁ ခုနှစ်မှာ သာသနာရောင်ဝါထွန်းလင်း ပြန့်ပွားရေးဌာနကို
သာသနာရေးဝန်ကြီးဌာန လက်အောက်မှာ စစ်အာဏာရှင်တို့က ထူထောင်လိုက်ပြီး
ဦးကျော်လွင်ကို အကြီးအကဲခန့် လိုက်ပါတယ်။
အဲဒီနောက်မှာတော့
“သာထွန်းပြန့်”ကနေ ဦးကျော်လွင်ရေးတဲ့ “ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အဖြစ်
ရှင်သန်ခြင်း” စာအုပ်ကို ထုတ်ဝေပါတယ်။ အဲဒီစာအုပ်ကို ၂၀၀၀ ပြည့်နှစ်
လောက်မှာ “အကောင်းဆုံး ဗုဒ္ဓ၀ါ ဒီ”ဆိုတဲ့ နာမည်နဲ့ ပြန်လည်ထုတ်ဝေရာမှာတော့
မျက်နှာဖုံးမှာ ၉၆၉ လိုဂိုကို အစောဆုံး စတင်သုံးစွဲ ခဲ့တာပဲဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ ဦးကျော်လွင် ရာထူးပြုတ်ပါတယ်။ သူ့နေရာမှာ စစ်အရာရှိဟောင်း ခိုင်အောင်ကို ခန့်အပ်ခဲ့ တယ်။
ဦးကျော်လွင်ရဲ့ ကျန်ရစ်သူ ဇနီးနဲ့သားကတော့ အခုလက်ရှိ ရန်ကုန်မြို့မှာ
ဇိမ်ရှိရှိနေထိုင်ပါတယ်။ သူတို့ရဲ့ အိမ်ခန်းထဲမှာတော့ ဦးကျော်လွင်ရဲ့
စာအုပ်စင်တွေနဲ့ ပြည့်နေပါတယ်။ ဘုန်းကြီးဝတ်ထားတဲ့ ဓါတ်ပုံတွေနဲ့
ကမ္မဋ္ဌာန်းပြနေတဲ့ ဓါတ်ပုံတွေလည်း ချိတ်ဆွဲထားပါတယ်။
တစ်နေရာမှာတော့ မြန်မာပြည်မှာ အကြောက်ရဆုံးပုဂ္ဂိုလ်တွေထဲက
တစ်ယောက်ဖြစ်တဲ့ ထောက်လှမ်းရေး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့
ရယ်မောနေတဲ့ပုံကိုလည်း ပြသထားပါတယ်။ ဦးကျော်လွင်ဟာ တခြား
အာဏာရှင်ခေါင်းဆောင်တွေနဲ့လ ည်း
ဖက်လည်းတကင်းရှိပါတယ်လို့ သူ့သားဖြစ်သူ အသက် ၃၈ နှစ် အရွယ်ရှိ
အောင်လွင်ထွန်းက ဆိုပါတယ်။ ကွယ်လွန်သူ ဦးစောမောင်ရဲ့ လမ်းညွှန်ချက်နဲ့
ဦးကျော်လွင်ဟာ “အကောင်းဆုံး ဗုဒ္ဓ၀ါဒီ”စာအုပ်ကို ရေးသားခဲ့ပါတယ်။ သူဟာ
အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့လည်း ဘာသာရေးဆွေးနွေးမှုတွေ လုပ်ဖို့
မကြာခဏဆိုသလို တွေ့ဆုံလေ့ရှိပါတယ်။
“အကောင်းဆုံး ဗုဒ္ဓ၀ါဒီ”စာအုပ်ဟာ တရားဝင်ပုံနှိပ်ခွင့်မရှိပေ မယ့် အောင်လွင်ထွန်းက ပြန်လည်ထုတ်ဝေဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။
“လူတော်တော်များများက ဒီစာအုပ်ကို တောင်းဆိုနေကြတယ်”လို့ သူက ဆိုပါ တယ်။
သူဟာ ဒီနေ့ မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုကိုလည်း ထောက်ခံပါတယ်။ “ဒါဟာ
ကျွန်တော်တို့ သာသနာကို ကာကွယ်ဖို့ ခြံစည်းရိုးခတ်တာပါပဲ ”လို့ သူကဆိုတယ်။
ဦးကျော်လွင်ရဲ့ ကျန်ရစ်သူဇနီးကလည်း ၉၆၉ ကို ထောက်ခံပါတယ်။ မွတ်စလင်ကို
လက်ထပ်တဲ့ ဗုဒ္ဓဘာ သာဝင်တွေဟာ သူတို့မင်္ဂလာဆောင်မှာ ဗုဒ္ဓရဲ့ ရုပ်ပုံကို
အတင်းတက်နင်းခိုင်းခံ ရပါတယ်။ ရှီအိုက်တွေရဲ့ သားကောင်သတ်ဖြတ်လေ့ရှိတဲ့
ဓလေ့ထုံတမ်းက သူတို့ လူသားတွေကိုလည်း အလွယ်တကူ သတ်ဖြတ် လာနိုင်ပါတယ်လို့
သူမက ဆိုပါတယ်။
ဦးကျော်လွင် သာထွန်းပြန့်မှာ
တာဝန်ထမ်းဆောင်စဉ်အချိန်က တွေ့ဆုံခဲ့တဲ့ ဘုန်းကြီးတွေထဲမှာ ၀ိစိတ္တဘိဝံ သလည်း
ပါဝင်ပါတယ်။ ဒီဘုန်းကြီးကို မန္တလေးတိုင်း ကျောက်ဆည်မြို့ကနေ လှမ်းခေါ်
လိုက်တာဖြစ်ပြီး အခုအချိန်မှာတော့ ၉၆၉ ရဲ့ ဦးဆောင်သွေးကြွစေသူတွေထဲမှာ ဦးဝီရသူအဖြစ် လူသိများ ထင်ရှားလာ ပါတော့တယ် ။
ဝီရသူနဲ့ ဦးကျော်လွင်တို့ ၁၉၉၂ ခုနှစ်မှာ တွေ့ဆုံပြီးကတည်းက
အဆက်အသွယ်မပြတ်ကြ ပါဘူးလို့ သားဖြစ် သူ အောင်လွင်ထွန်းက ဆိုပါတယ်။ သူက
သူ့အဖေဟာ ၀ီရသူရဲ့ တရားတွေကို အထင်ကြီး လေးစားမှုရှိမယ်လို့ဆိုပါတယ် ။
“ဦးဇင်းက တခြားဘယ်သူမှမလုပ်တဲ့ သာသနာတိုးတက်ရေးနဲ့ ကာကွယ်ရေးကို လုပ်နေတာပါ” လို့ ပြော ပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ ဦးကျော်လွင်ဟာ အသက် ၇၀ အရွယ်နဲ့ သေဆုံးခဲ့ပါတယ်။
အဲဒီနှစ်ထဲမှာပဲ ၀ီရသူက လည်း ၉၆၉ ကို စတင်ဟောကြားလာပါတော့တယ်။ အမေရိကန်ရဲ့
အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖ က်မှုတွေ လုံးလုံးလျားလျား တိုးပွားမယ်လို့ ဖော်ပြပါတယ်။ မွတ်စလင် ဆန့်ကျင်ရေးခံစားချ က်တွေကို ၂၀၀၁ ခုနှစ် မတ်လမှာ အာဖဂန်နိုင်ငံ ဘာမီယံက ဗုဒ္ဓရုပ်ပွားတော်တွေကို တာလီဘန်တွေ ဖျက်ဆီးပစ်လိုက်တဲ့အချက်နဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ကို အယ်ကိုင်ဒါတွေ တိုက်ခိုက်လိုက်တဲ့အချက်တွေ က မီးလောင်ရာ လေပင့်ပေး လိုက်ပါတယ်။
၉၆၉ နှင့် ၇၈၆
___________
၂၀၁၁ မှာ ၀ီရသူဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးတဲ့နောက်
ကိုယ့်ကိုယ်ကို ၉၆၉ စစ်သွေးကြွ အဖွဲ့ရဲ့ “ဗမာဘင်လာဒင်”လို့ မှတ်ယူပြီး
မြန်မာပြည်ရဲ့ ပထမဆုံး ဗုဒ္ဓဘာသာထွန်းကားရာ မွန်ပြည်နယ်က ဘုန်းကြီးတွေရဲ့
အင်အားကို ရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုတွေစဖြစ် ကတည်းက
သူတို့ရဲ့ အဖွဲ့ကို နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်ချိတ်ဆက်
ဖွဲ့စည်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက မော်လမြိုင်က မွတ်စလင်ပိုင်
ကားလိုင်းကို စတင်သပိတ်မှောက်ခဲ့တယ်။ သူတို့ရဲ့ ပန်းတိုင်က
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဖြန့်ကျက်ပြီး သပိတ်မှောက်သွားဖို့ပဲ။
၁၉၄၈ ခုနှစ် ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးချိန်မှာ မွတ်စလင်တွေဟာ
ထိပ်တန်းအစိုးရရာထူး တွေ ရရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့
မွတ်စလင်ဝန်ထမ်းတွေကို အသစ် ခန့်တာ၊ ရာထူးတိုးတာတွေမှာ
ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ စစ်အာဏာရှင်တွေက မွတ်စလင်တွေဟာ
စီးပွားရေးလွှမ်းမိုးလာရင် သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ 
ဗလီဆောက်မယ်၊ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ငွေနဲ့သိမ်းပိုက်မယ်၊ ပြီးရင်
အစ္စလာမ်ဘာသာကို ဖြန့်ချိမယ်လို့ လူသိရှင်ကြား ၀ါဒဖြန့်ထားခဲ့ပါတယ်။
လက်ရှိ မွတ်စလင်စီးပွားရေးတွေကို ကန့်ကွက်တာတွေအားလုံးဟာ
တရားမျှတပါတယ်လို့ အသက် ၃၁ နှစ် အရွယ် ၉၆၉ ကိုးကွယ်ဆည်းကပ်သူ ရှေ့နေ
ဇာနည်ဝင်းထွန်းက ဆိုပါတယ်။ “မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေရဲ့ စီးပွားရေးကို
ပိတ်ပင်လာတာကြာပြီ၊ ကျမတို့က စပြီး သပိတ်မှောက်တာ မဟုတ်ဘူး၊ ကျမတို့က
သူတို့နည်းအတိုင်း လိုက်လုပ်တာပဲ” လို့ ဆိုတယ်။
ဘာကြောင့်
ဗုဒ္ဓဘာသာဝင်အချို့က ဒီလိုယုံကြည်နေရတာလဲဆိုတာ အလွယ်တကူနားလည်နိုင်ပါတယ်။
အဲဒါက ဘာလဲဆိုတော့ မွတ်စလင်ဓလေ့ထုံးစံနဲ့ ဘာသာရေးအရ
အစားအသောက်နဲ့ပတ်သက်လာရင် ဗုဒ္ဓ ဘာသာဝင်ဆိုင်က မ၀ယ်ဖို့ တားမြစ်ထားပါတယ်။
အလားတူပဲ မွတ်စလင်တွေဟာ အသေးစားနဲ့ အလတ် စား စီးပွားရေးလုပ်ငန်းတွေကို
ပိုင်ဆိုင်ကြပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ အောင်မြင်ကျော်ကြားနေတဲ့
မွတ်စလင်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းအချို့ ကတော့ နိုင်ဂရုပ်၊ မားသားလန်း ဖားသားလန်းတို့ဖြစ်ပြီး အဆောက်အအုံတိုးတက်ပြောင်းလဲ ရေးခေတ်နဲ့ အတွေ့အကြုံရှိသူတွေလည်းဖြစ် ပါတယ်။
ဒါပေမယ့် ဒေါ်လာသန်းပေါင်းများစွာပါဝင်ပတ်သက်နေတဲ့ အကြီးဆုံးဆောက်လုပ်ရေး လုပ်ငန်းတွေ ကတော့ အရင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေ ပါဝင်တဲ့ ခရိုနီသူဌေးကြီးတွေက ချုပ်ကိုင်ထားတာပါ။ သူတို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါပဲ။
“ရန်ကုန်မြို့မြောက်ပိုင်းက ဗုဒ္ဓဘာသာဝင်တွေဟာ မွတ်စလင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ချုပ်ဆို ထား တဲ့ စာချုပ်တွေကိုဖျက်လိုက်ကြပြီး
၉၆၉ နောက်လိုက်တွေက သူတို့ရဲ့အဆောက်အအုံ ဆောက်ပြီးရင်
လာဖျက်မှာစိုးလို့ဆိုပြီး အကြောင်းပြပါတယ်”လို့ ကြံ့ခိုင်ရေးပါတီက
မွတ်စလင်လွှတ်တော်အမတ်ဖြစ်သူ ဦးရွှေမောင်က ဆိုပါတယ်။
“မြို့တစ်မြို့မှာ ဒါတွေစဖြစ်လာရင် တခြားမြို့ကိုပါ ကူးဆက်သွားမှာ
စိုးပါတယ်”လို့ သူကဆိုပါတယ်။ ကိုးခြောက် ကိုး ကိုးကွယ်ဆည်းကပ်သူ
မဇာနည်ဝင်းထွန်းအတွက်ကတော့ မွတ်စလင်တွေကို ပိတ်ပင် တာဟာ
လူမျိုးရေးငြိမ်းချမ်းမှုကို သာ ဖြစ်စေတယ်လို့ဆိုပါတယ်။ မိတ္ထီလာမှာ မွတ်စလင်ရွှေဆိုင်ပိုင်ရှင်နဲ့
ဗုဒ္ဓဘာသာ စားသုံးသူကြား အငြင်းပွားရာကနေ ဖြစ်လာတဲ့ ပဋိပက္ခကို သူမက
လက်ညှိးထိုးပြပါတယ်။ “တကယ်လို့ သူတို့ဟာ ကိုယ့်လူမျိုးဆိုင်မှာသာ
ဝယ်ခဲ့မယ်ဆိုရင် ဒီလိုပြဿာနာတွေ ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
သူမရဲ့ လူမျိုးရေးပဋိပက္ခဖြေရှင်းဖို့
ခွဲခြားဆက်ဆံတဲ့နည်းဟာ အမျိုးသားရေးပေါ်လစီကို သံယောင် လိုက် တာပါပဲ။
ရခိုင်နဲ့ မြန်မာပြည်အလယ်ပိုင်း အကြမ်းဖက်မှုဖြစ်ပြီး တစ်နှစ်ကြာမှာ
အနည်းဆုံး မွတ်စလင် ၁၅၃၀၀၀ လောက်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ထင်ရှားတဲ့ ဘုန်းကြီးအချို့ကတော့ ၉၆၉ လှုပ်ရှားမှုကို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချပါတယ်။ တချို့ ဖေ့ ဘုတ်စ်သုံးစွဲသူတွေကလည်း
၉၆၉ စတကာကပ်ထားတဲ့ တက္ကစီတွေကို သပိတ်မှောက်ကြဖို့ စည်းရုံး လှုပ် ရှားပါတယ်။
မိတ္ထီလာ သွေးလောင်းပွဲပြီးကတည်းက ၉၆၉ စီဒီခွေတွေဟာ ရန်ကုန်မြို့က
လမ်းဘေးဆိုင်တွေ မှာ သိုသိုသပ်သပ်နဲ့ပဲ ရောင်းချလာပါတယ်။
ဒါတွေအားလုံးနဲ့ပတ်သက်ပြီး လူအများအပြားရဲ့ တုန့်ပြန် ချက်တွေ ကတော့
နှုတ်ဆိတ်နေသေးပါတယ်။
မွန်ပြည်နယ်က ဘုန်းတော်ကြီး ဦးဝိမာလက
နောက်လိုက်ဘုန်းကြီးတွေ ဝေဖန်မှာကို ဂရုမစိုက်ပါဘူး။ “ဦးဇင်းတို့
ကောင်းတာလုပ်နေတာကို သူတို့ ရပ်တန့်ဖို့ မကြိုးစားသင့်ဘူး”လို့ မိန့်ပါတယ်။
ဇွန်လလယ်တုန်းက ဆရာတော်နဲ့ ဦးဝီရသူတို့ဟာ ရန်ကုန်မြို့အနီးမှာကျင်းပတဲ့
ရာနဲ့ချီတဲ့ ဘုန်းတော်ကြီး များ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းနားမှာ ၀ီရသူက ဗုဒ္ဓဘာသာ အမျိုးသမီးများ
မွတ်စ လင်ယောက်ျားနှင့်လက်ထပ်မှု တားဆီးရေးအဆိုကို တင်သွင်းခဲ့ပါတယ်။
၉၆၉ လှုပ်ရှားမှုရဲ့ လမ်းကြောင်းအသစ်အဖြစ် ၀ီရသူဟာ အမေရိကန်မှာပညာသင်ကြားလာပြီး အာရှတိုက်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွေနဲ့ တလေးတစား ဆက်ဆံမှုရှိတဲ့ ရန်ကုန်က နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓဘာ သာသာသနာပြုတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ ဦးဓမ္မပီယရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။
ဦးဓမ္မပီယက ၉၆၉ နဲ့ပတ်သက်ပြီး မြန်မာပြည်ရဲ့ ရှုပ်ထွေးသော အပြောင်းအလဲကာလမှာ ငြိမ်းချမ်းရေးလှုပ် ရှား မှုတစ်ရပ်အဖြစ် ဖော်ပြပါတယ်။
“၉၆၉ ဟာ ပြဿနာမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေဟာ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေ ထိုင် ခဲ့တာ ကြာပါပြီ”
ဒီမှာ ဗလီမရှိရ
___________
၉၆၉ လှုပ်ရှားမှုဟာ အဓိက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယှဉ်ပြိုင်ဖို့ဖြစ်ပြီး သူတို့အကြားက ဆက်ဆံ မှုမှာ ဆန့်ကျင်မှုရော လိုက်ဖက်မှုပါ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လက YouTube မှာတက်လာတဲ့ ဗီဒီယိုအခွေမှာတော့ ဦးဝီရသူက NLD
နဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အနီးကပ်စည်းကို မွတ်စလင်တွေ
သိမ်းပိုက်သွားပြီလို့ဆိုပါ တယ်။
“မြို့တိုင်းမှာရှိတဲ့ NLD ပါတီကို လေ့လာကြည့်ရင် မုတ်ဆိတ်နဲ့လူတွေကို တွေ့ရလိမ့်မယ်”လို့ ဦးဝီရသူက ဆိုပါတယ်။
ဦးဝိမလရဲ့ နောက်လိုက်တွေကတော့ ရခိုင်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေ ခံရတာကို
တုန့်ပြန်ဆိုဖို့ ၀န်လေးနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ
သူတို့အိမ်တွေကနေ ခွာပစ်လိုက်ပါသတဲ့။ လူမျိုးရေးပဋိပက္ခတွေအပေါ် ဒေါ်စုရဲ့
နှုတ်ဆိတ်နေမှုနဲ့ပတ်သက်ပြီး မွတ်စလင်တွေကလည်း ဒေါ သ ထွက်ခဲ့ကြပါတယ်။
ဗမာမွတ်စလင်အသင်းကတော့ ၉၆၉ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့အထဲမှာ NLD ပါတီဝင်တွေ လည်း ပါတယ်လို့ စွပ်စွဲပါတယ်။
ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ ဒီလှုပ်ရှားမှုမှာ NLD
ပါတီဝင်အချို့ ပါဝင်ပတ်သက်တဲ့ အကြောင်း ပြောပါတယ်။ “ဒါပေမယ့် ပါတီဝင်တွေရဲ့
လွတ်လပ်တဲ့အခွင့်ရေးကို NLD အနေနဲ့ ကြားဝင်စွက် ဖက်ဖို့ မရှိပါဘူး၊
လူမှုရေးကိစ္စတွေမှာ သူတို့ဘာသာ သူတို့ လွတ်လွတ်လပ် လပ်
ဆောင်ရွက်နိုင်ခွင့်ရှိပါ တယ်”လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
တက္ကစီဒရိုင်ဘာတစ်ဦးဖြစ်သူ မင်းသက်လင်းဟာ သာကေတမြို့နယ်က NLD
ခေါင်းဆောင်တစ်ဦးဖြစ် ပြီး သူ့ကားရဲ့ ရှေ့ရောနောက်မှာပါ ၉၆၉ စတေကာတွေကို
ကပ်ထားပါတယ်။ သူဟာ မွတ်စလင် ဆန့်ကျင်ရေး ရန်ကုန်မြို့နယ်အလုပ်သမားလူ တန်းစားအဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သာကေတမြို့ခံ ဗုဒ္ဓဘာသာဝင်တွေဟာ မင်းသက်လင်းတို့ ရပ်ကွက်က အစ္စလာမ် စာသင်ကျောင်းတစ်ခုကို လျှို့ဝှက်ဗလီတည်ဆောက်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြိုဖျက်လိုက်ကြ ပါတယ်။ ဖြိုဖျက်ချိန်မှာ လုံထိန်းတပ်ဖွဲ့တွေက စောင့်ကြပ်ပေးပါတယ်။
နောက်တစ်လမှာတော့ ဦးဝိမလနဲ့ အခြား မွန်ဘုန်းကြီးနှစ်ပါးတို့ဟာ
သာကေတကို သွားရောက်ပြီး ၉၆၉ တရားတွေ သုံးရက်တိုင်ဟောပြောပြီး “ဓမ္မဆေး”လို့
အမည်ပေးတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ပါတယ်။ “တိုက်ခိုက်ဖို့
အရှုံးမပေးနဲ့”လို့ လက်ကမ်းစာစောင်မှာ တိုက်တွန်းထားပါတယ်။
“အခုတော့ အဲဒီကျောင်းကို ချိတ်ပိတ်လိုက်ပြီး ရဲတွေ အစောင့်ချထားတယ်၊ လူတွေက
ဒီမှာ ဗလီရှိတာ မလိုချင်ဘူး”လို့ မင်းသက်လင်းက ပြောပါတယ်။
သူပြောတဲ့ ဘာသာရေးသွေးကြွစေတဲ့ ၉၆၉ လှုံ့ဆော်သီချင်းဟာ အိမ်ခေါင်းမိုးပေါ်ကနေ အပြင်ကို လျှံထွက်လာပါတော့တယ်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ခုကတော့ တပည့်တွေကို စာရင်းပေးသွင်းဖို့အတွက် ဒီသီချင်းကို ဖွင့်ပေးနေပါတယ်။

No comments :
Post a Comment