Pages

Monday, 8 July 2013

နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ

ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို အဓိက လာရောက်လေ့လာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

" အခုကသူတို့ မောင်တော မီးလောင်တဲ့နေရာကိုသွားတယ် တချို့ကလည်း မရောက်ဖူးတဲ့သူတွေပါတာကို ဗန္ဓုလရွာကိုသွားတာကို သူတို့ကတော့ ဒီကဒုက္ခသည်တွေကို ရေရှည်ဘယ်လိုလုပ်မလည်းဆိုတာက အဓိကပါ"

အဲဒီသံအရာရှိတွေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ မောင်တော မြို့နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြတာပါ။

ဒါ့အပြင် မနက်ဖြန်မှာလည်း တခြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

No comments:

Post a Comment