Blogger Widgets

Wednesday, 3 July 2013

ဇူလိုင်လအတွက် ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ကာ ထီဆုမဲ အရေအတွက် ရာဂဏန်းအထိ တိုးမည်

aungbarlay-july3
ရန်ကုန်မြို့ရှိ ထီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ဇူလိုင်လ (၂၉၅ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ဈေးကွက်အတွင်း ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ရောင်းချ ပေးမည်ဖြစ်ပြီး ထီဆုမဲ အရေအတွက်ကိုလည်း ရာဂဏန်းအထိ တိုးပေးမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
ဇွန်လ (၂၉၄ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ဈေးကွက်အတွင်း ထီအက္ခရာ အလုံးရေ ၃၁ လုံး (ထီအစောင်ရေ ၂၇၈ သိန်းကျော်) ရောင်းချခဲ့ပြီး ယခုနှစ် ထီရောင်းအားမှာ ယခင်နှစ်ကထက် ကောင်းခဲ့သောကြောင့် ဇူလိုင်လ (၂၉၅ ကြိမ်မောက် ထီဖွင့်ပွဲ) အတွက် ထီအက္ခရာ ၃၂ လုံး (ထီအစောင်ရေ သိန်း ၂၈၇ သိန်းကျော်) ရောင်းချမည်ဖြစ်သောကြောင့် ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ထီစောင်ရေ တိုးမြှင့်ရောင်းချမည် ဖြစ်သောကြောင့် ထီဆုမဲများကိုလည်း ပြီးခဲ့သည် ၂၉၄ ကြိမ်မြောက် တိုးမြှင့်ခွဲဝေပေးမည်ဖြစ်ကြောင်း၊ ထီဆုမဲများကို မခွဲရသေးသော်လည်း အကြမ်းဖျင်း ထီဆုမဲ ရာဂဏန်းလောက် တိုးနိုင်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"အခုလောလောဆယ် အနေအထားအရ ထီရောင်းအား အသင့်အတင့် ရှိတယ်။ ပြီးတော့ ဒီနှစ်ဧပြီလ၊ မေလ၊ ဇွန်လ သုံးလစလုံးက ပြီးခဲ့တဲ့နှစ်ထက်ယှဉ်ရင် ရောင်းအားသွက်တာကို တွေ့ရှိရတယ်။ ဒါကြောင့် ထီအက္ခရာကို ပြီးခဲ့တဲ့လထက် တစ်လုံးတိုးထုတ်မယ်။ ထီအက္ခရာ တစ်လုံးကို ထီအစောင်ရေ ကိုးသိန်းနီးပါးလောက် ရှိပါတယ်။ ထီအစောင်ရေ တိုးသလို ထီဆုမဲကိုလည်း တိုးပြီးခွဲပေးမှာ ဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ထီဆုမဲကို မခွဲရသေးပေမယ့် အကြမ်းဖျင်း ထီဆုမဲ ရာဂဏန်းလောက်တော့ တိုးနိုင်ပါတယ်" ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ပြီးခဲ့သည့် ဧပြီလ (၂၉၂ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ဈေးကွက်အတွင်း ထီအက္ခရာလုံးရေ ၃၀ ဖြင့် ရောင်းချခဲ့ရာမှ မေလ (၂၉၃ ကြိမ်မြောက်ထီဖွင့်ပွဲ) တွင် ထီအက္ခရာ ၃၁ လုံးဖြင့် တိုး၍ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ (၂၉၄ ကြိမ်မြောက်ထီဖွင့်ပွဲ) တွင်လည်း ထီအက္ခရာ ၃၁ လုံးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၉၄ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုမဲပေါင်း ၂၄၇၁၂ ဆု ဖွင့်လှစ်ပေးခဲ့သည်။ လစဉ်ထီရောင်းရငွေများ၏  ရာခိုင်နှုန်း ၆၀ ကို ဆုမဲများအဖြစ် ပေးအပ်ခြင်းဖြစ်ပြီး ရာခိုင်နှုန်း ၄၀ ကိုမူ နိုင်ငံတော် အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း၊ ဇူလိုင်လအတွက် ထီအစောင်ရေ ၂၈၇ သိန်းကျော် ရောင်းချမည်ဖြစ်ပြီး ထီတစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းရောင်းချမည် ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top