Blogger Widgets

Thursday, 4 July 2013

အီဂျစ်စစ်တပ် တိုင်းပြည်အာဏာကို ထိန်းချုပ်

အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီး ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အကြီးအကဲကို တာဝန်ပေးအပ်လိုက်ကြောင်း စစ်တပ်က ကြေညာလိုက်ပါတယ်။
သမ္မတ မိုဟာမက်မော်စီ (Mohamed Morsi) ရာထူးက ဆင်းပေးရေး အတိုက်အခံတွေက အကြီးအကျယ် တောင်းဆိုအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် လူထုရဲ့တောင်းဆိုချက်အရ စစ်တပ်က ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အကြောင်းလည်း အီဂျစ် စစ်ဦးစီးချုပ် အဗ္ဗဒူ ဖာတာ ခါလီ အယ်လ်စီစီ (Abdul Fatah Khalil Al-Sisi) က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတုန်းကတော့ သမ္မတမော်စီအနေနဲ့ နိုင်ငံရေးပြဿနာတွေကို ၄၈ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းဖို့နဲ့ မလုပ်နိုင်ရင် စစ်တပ်က ကြားဝင်မှာ ဖြစ်တဲ့အကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။

အစ္စလာမ်ဝါဒီ အစိုးရနဲ့ အတိုက်အခံတွေကြား သဘောထားကွဲလွဲမှုတွေကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ နောက်ဆုံးထား မဖြေရှင်းနိုင်ခဲ့ရင် အီဂျစ်နိုင်ငံအတွက် လမ်းပြမြေပုံတစ်ခုကို စစ်တပ်က ထုတ်ပြန်မှာ ဖြစ်တဲ့အကြောင်းလည်း ပြောထားတာပါ။

သတ်မှတ်ချိန် ကျော်တဲ့အထိ တစုံတရာ ဆောင်ရွက်တာမျိုး မတွေ့ရတဲ့နောက် စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top