မဟာမဲခေါင်ဒေသ နိုင်ငံများအကြား အလုပ်သမား ကျွမ်းကျင်မှု "စံ" များ
ပူးပေါင်းဆောင်ရွက်ရန်အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ ဆွေးနွေးနေစဉ်

ပူးပေါင်းဆောင်ရွက်ရန်အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ အစည်းအဝေးကို ဇူလိုင်
၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အလုပ်သမားများ ကျွမ်းကျင်မှု "စံ"
သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ ကျွမ်းကျင်မှု
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
"ဒီဆွေးနွေးပွဲကနေတစ်ဆင့် အနာဂတ် အာဆီယံ ဒေသတွင်းနှင့် သင့်တော်မယ့်
မဟာမဲခေါင်ဒေသ နိုင်ငံများအကြား ကျွမ်းကျင်မှု "စံ" များကို
ဖော်ဆောင်ပြဌာန်းနိုင်ဖို့ ဦးတည်သွားမှာ ဖြစ်ပါတယ်" ဟု ယင်းဆွေးနွေးပွဲ
အလုပ်သမား ၀န်ကြီးဌာန၊ ဒုဝန်ကြီးက ပြောကြားခဲ့သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနလက်အောက် အလုပ်သမား
လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးက
"မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ ရှိပေမယ့် သူတို့ကို အသိအမှတ်ပြု
ထောက်ခံပေးမယ့် လက်မှတ်ထုတ်ပေးတာ မရှိဘူး နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့အခါ သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို
အလုပ်ရှင် ယုံကြည်အောင် ထောက်ခံပေးမယ့် လက်မှတ်လိုလာပြီ။ အဲဒီအတွက် အာဆီယံက
သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ အာဆီယံ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့
စီစဉ်နေပါတယ်" ဟုဆိုသည်။
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့
(NSSA) အနေဖြင့် အလုပ်အကိုင် "စံ" ၁၇၃ မျိုးကို မှတ်တမ်းတင်
ရေးဆွဲပြီးဖြစ်ကြောင်းနှင့် ၉၃ မျိုးအား အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့်
အတည်ပြု ပြဌာန်းပြီးဖြစ်သည်ဟု သိရသည်။

No comments :
Post a Comment