နိုင်ငံတော်အဆိုကျော်
ဒေါ်အယ်ခွန်းရီက မူလတန်းအရွယ်သာသာ သာရှိတဲ့ “ကြယ်ကလေးတို့ရဲ့မိုးကောင်းကင်” အစီအစဉ်မှာ
ပထမဆုရသွားတဲ့ “မေသက်ထားဆွေ” ဆိုတဲ့ကလေးမလေးကို
ပရိတ်သတ်တွေရှေ့မှာ “အန်တီသ္မီးကိုအရှုံးပေးပါတယ် ဗမာသံစဉ်ကို အန်တီသ္မီးလိုမဆိုနိုင်ဘူး”
ဆိုပြီး တော်တဲ့သူကိုတော်သလို အလေးထားပြီး ဂုဏ်ပြုစကား ဆိုသွားခဲ့ပါတယ်။
တစ်ရက်မှာ Kamayutmedia.com ကိုရောက်ဖြစ်ပါ တယ် ရောက်တာ ကလည်း အဲဒီ media က ရုပ်/သံ
သတင်းဆောင်းပါးတွေ ကို နှစ်သက် လို့ဝင်ကြည့်တာပါ နှစ်သက်တာလေးတွေကိုတွေ့ရင်တော့ သတင်းမှတ်စု
အနေနဲ့ရော တခြားသူတွေကိုပါမျှဝေတဲ့အနေနဲ့ပါ ကိုယ့်ဘလော့မှာ လင့်ချိတ်ပေးထားလေ့ရှိ ပါတယ်။
အဲလိုကြည့်ရင်းက ဖျော်ဖြေရေး ကဏ္ဍမှာဝင်ကြည့်ဖြစ်ပါတယ်ဆိုပါတော့
ပုံမှန်အားဖြင့်တော့ ဖျော်ဖြေရေးနဲ့
![]() |
မေသက်ထားဆွေကို အရှူံးပေးပါတယ် လို့ဆိုသွားတဲ့ ဒေါ်အယ်လ်ခွန်းရီ |
ဆိုင်တဲ့ သတင်းတွေ သီချင်းတွေ ကြည့်လေ့မရှိ ပါဘူး
အသက် အရွယ်ကြောင့် ထင်ပါ ရဲ့ နိုင်ငံရေး စီးပွါးရေး စတာတွေနဲ့ ပါတ်သက် တာတွေဘဲ ကြည့်ဖြစ်တာ များပါတယ်။
အဲဒီလိုကြည့်ရင်းက မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း ရုပ်သံ
Channel 7 က စီစဉ်တဲ့ အိပ်မက်ဆုံရာ အပတ်စဉ် ၅ ရဲ့ အဆိုပြိုင် ပွဲ နောက်ဆုံး ပွဲစဉ်မှာ
အောင်မြင့်မြတ် ဆိုတဲ့အဆိုရှင်သစ် အနိုင်ရသွားတယ် ဆိုတဲ့ သတင်းတွေ့တော့ အဲဒီလိုပြိုင်ပွဲတွေက
လူငယ်တွေဟာ အသစ်တွေ ဖြစ်ကြပေမဲ့ အဟောင်းတွေလို တစ်ချို့ဆို အဟောင်းတွေထက် ပိုကောင်းအောင်
သာအောင် ဆိုနိုင်ကြတာကို နားထောင်ဘူးတော့ အောင်မြင့်မြတ် အသံနားထောင်ရအောင် youtube
မှာရှာကြည့် ဖြစ်ပါတယ်။
သူ့ကိုရှာကြည့်ရာက “ကြယ်ကလေးတို့ရဲ့မိုးကောင်းကင်”
အစီအစဉ်က “ဂျပန်ပြည်ကိုရေးတဲ့စာ” (အရင်က ဒေါ်နွဲ့ယဉ်ဝင်း ဆိုခဲ့တာပါ) သီချင်းကို မေသက်ထားဆွေ
ဆိုတဲ့ ကလေးမ ဆိုတာကို နားထောင်ဖြစ်တယ်ဆိုပါတော့၊
သီချင်းဆိုတဲ့ ကလေးမလေးက ကောင်းကောင်း ဆိုနိုင်ပါ တယ် ကောင်း လည်းကောင်းပါတယ် တော်လည်းတော်ပါတယ်
ဒါပေမဲ့ဆိုနေတဲ့ကလေးကို ကြည့်ပြီး တော်တော် သနားနေပါတယ် သီချင်းအမြင့်သံ တွေကို တော်တော်လေး ပင်ပင်ပန်းပန်း
ဆိုနေရတယ်ထင်လို့ပါ။
နောက် ဒိုင်တွေရဲ့ပြောကြားချက်ဆိုတဲ့
ဗွီဒီယိုကလစ်တစ်ခုကို ထပ်တွေ့တော့ ဒိုင်တွေက ကလေးမလေးကို ဘယ်လို သုံးသပ်သလဲဆိုတာကို
သိခြင်တာနဲ့ဆက် ကြည့်တဲ့အ ခါ ဒေါ်အယ်ခွန်းရီက နောက်ဆုံး အဆင့် ရောက်လာတဲ့ကလေးတွေအပေါ် သူ့ရဲ့သုံးသပ်ချက်ကိုပြောရာမှာ
ပထမဆုရသွားတဲ့ ကလေး မလေး မေသက်ထားဆွေ ရဲ့အဆိုနဲ့ပါတ်သက်ပြီး ဒေါ်မာမာအေးရဲ့ “စန္ဒကိန္နရီ”
ဆိုတဲ့ဗမာသံစဉ် သီချင်းကို ကလေးမလေးဆိုသလို ဗမာသံပီပီသသ ဌာန်ကရိုင်းကျအောင် သူမဆိုနိုင်ကြောင်း
ကလေးမလေးကို အရှုံးပေးပါကြောင်း စသဖြင့် ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်း ၀န်ခံစကားဆိုသွားပြီး
ကိုယ့် ထက် တော်တဲ့သူကို တော်ကြောင်း အသက်အရွယ် အလေးမထားဘဲ ပရိသတ်အလယ်မှာ ချီးကြူး ဂုဏ်ပြု
စကားဆိုသွားခဲ့တာ ကတော့အရမ်းကို လေးစားထိုက်ပါတယ်။
![]() |
မေသက်ထားဆွေရဲ့ အဆိုမှာနစ်မျော ခံစားနေရတဲ့ "ချမ်းချမ်း" |
ဒါနဲ့ဘဲကလေးမလေးဆိုထားတဲ့
ဒေါ်မာမာအေးရဲ့ “စန္ဒကိန္နရီ” ကိုနားထောင်ကြည့်ပါတယ် ဒီတော့မှဘဲဒေါ်အယ်လ်ခွန်း ရီပြောတာကို
ရာနှူံး ပြည့်ထောက်ခံ လိုက်ရပါ တယ် တော်တော်လေးကို တော်ပါတယ် ပါရမီရှင် လို့ဘဲပြော ရမှာပေါ့
ဘယ်လောက် ပါရမီရှင်ဖြစ်ပါစေ ကြိုးစားအား ထုတ်မှု၊ လေ့ကျင့်မှု့၊ လုံ့လ ၀ီရိယ ဇွဲ စတာတွေ မပါဘဲနဲ့ကတော့
ဒီလိုဖြစ်နိုင်စရာ အကြောင်းကို မရှိလောက်ပါဘူး၊ ကလေးမလေး သီချင်းဆိုတာ နားထောင်နေရင်း
သူဆိုတာကိုကြည့်နေရင်းက မျက် ရည်တောင်ဝဲလာမိပါတယ် အသက်ကလည်းရ နှလုံးက လည်း သိတ်မကောင်းလို့၊
လို့ထင်နေတာ ဗွီဒိယိုရိုက်တဲ့သူက ပြိုင်ပွဲမှာရှိနေတဲ့ ဖြူဖြူကျော်သိန်းနဲ့ချမ်းချမ်း
တို့မျက်နှာတွေကို အနီးကပ်ရိုက်ပြတော့မှ ကိုယ်တင်မဟုတ်ပါ လားပေါ့ သူတို့တစ်တွေလည်း ကလေးမလေးရဲ့
တကယ့်ကိုဈန်ဝင်ပြီး ခံစားချက်အပြည့်နဲ့ဆိုသွားတဲ့ အပေါ်မျောပါရင်း ကိုယ်လိုဘဲ ခံစားနေရတာကို
တွေ့ရပါတယ် သီဆိုတဲ့ ကလေးမလေးမှာလည်း မျက်ရည်စတွေနဲ့ပါ၊
ရင်ထဲကဆိုသွားတာပါ အားပါလှပါတယ်၊ အသက်ဝင်လှပါတယ်၊ တကယ့်ကို ချွန်တဲ့ကလေးမ၊ တော်တဲ့ ကလေးမလေးပါ။
ဒေါ်အယ်လ်ခွန်းရီ ဆိုတာကလည်း
နယ်နယ်ရရမဟုတ်ပါဘူး ခောတ်တစ်ခောတ်ရှိခဲ့သလို ခုချိန်ထိ ဆိုနိုင်ဆဲ ကောင်းနေမြဲ ပရိတ်သတ်အခိုင်အမာရှိနေဆဲ
နိုင်ငံကျော် သဘာရင့် ၀ါရင့် အဆိုတော်တစ်ဦးပါ ဒီလိုအဆိုတော်ကြီးတစ်ယောက်က ပြိုင်ပွဲဆုရအဆိုရှင်
ကလေးငယ်တစ်ဦးလို သူမဆိုနိုင်ကြောင်း ၀န်ခံစကားဆိုပြီး ချီးကြူးသွားတာကတော့ အတုယူထိုက် ဂုဏ်ပြုထိုက်
စံနမူနာပြုထိုက်ပါတယ်။
တော်လွန်းလို့ တတ်လွန်းလို့
မြောက်စားတာမခံရတာ အသာထား ချီးကြူးမခံရတဲ့အပြင် ချောင်ထိုး ခံရတဲ့၊
ဘေးရောက်သွားကြတဲ့၊ ပြည်ပရောက်ကုန်တဲ့၊ အတတ်ပညာရှင် အသိပညာရှင်တွေ
အများအပြားကို သတိတရ ရှိလှပါတယ်။
နိုင်ငံတော်တစ်ခုအတွက်
မျိုးဆက်သစ်ဆိုတာ အရေးပါလှတာမို့ ပါရမီရှိတဲ့၊ တော်တဲ့၊ ကြိုးစားတဲ့၊ ဇွဲ လုံ့လ ၀ီရီယ
ရှိတဲ့ သူတွေကို ဂီတ အနုပညာနယ်မှာသာမက ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့နယ်ပယ်
အသီးသီးမှာပါ ပေါ်ထွက်လာဖို့ ဘက်ပေါင်းစုံကကြိုးပမ်းပြီး တွဲခေါ်ကြဖို့ ဆွဲခေါ်ကြဖို့၊
မြေတောင် မြောက်ပေးဖို့ နဲ့ “နေရာပေးတတ်ကြဖို့” လိုပါတယ်။
ဒီတော့ “မေသက်ထားဆွေ”
လို ကလေးတွေနဲ့ “ဒေါ်အယ်လ်ခွန်းရီ” လို လူကြီးတွေ များများကြီး ပေါ်ထွန်း ပါစေ လို့ဆုတောင်းပါတယ်ဗျာ။

No comments :
Post a Comment