Pages

Sunday, 16 June 2013

ဦးဇင်ယောက် ရောက်ပြီး နောက်တစ်ရက် မလေးရှားအခြေအနေ ချက်ချင်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွား


သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင် အသချာမှာကြားပြီး လွှတ်လိုက်သော နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်  ရောက်ပြီး နောက်တစ်ရက် မလေးရှားအခြေအနေ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် သွားကြောင်း သတင်းရရှိသည်။

 မလေးရှားတွင် လူနည်းစု မြန်မာဗုဒ္ဓဘာသာဝင်များကို အစ္စလမ်အကြမ်းဖက်သမားများက သတ်ဖြတ်မှုကြောင့် လူ ၅ ယောက် သေဆုံး ကာ ၆ ရောက်ဆေးရုံတင်ခဲ့ရသည်အထိ မည်သည်နိုဘယ်ဆုရှင်မှ ဆိုးရိမ်ကြောင်းမပြောပဲ၊ အမေရိကန်နှင့် ကုလ တို့ ဝမ်းနည်းကြောင်း မပြောချိန်တွင် သမ္မတကြီးဦးသိန်းစိန်မှ လက်တွေ့ လူလွှတ်ကာ ကူညီခိုင်းခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် အဖွဲ့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်တစ်ခုကို ယနေ့ထုတ်ပြန်လိုက်သည်။   ယင်းကြေညာချက်ဝယ် အောက်ပါအချက်များပါရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် မြန်မာနိုင်ငံအလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းတို့သည် လိုအပ်သည့်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရန်အတွက် မလေးရှားနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ရောက်ရှိခဲ့ကြသည်။

ထိုသို့ရောက်ရှိစဉ် ဇွန်(၁၃)ရက်တွင် မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့နှင့် တွေ့ဆုံခဲ့ကြသည်။

ထို့အပြင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်လည်းတွေ့ဆုံခဲ့သည်။ ဦးဇင်ယော်နှင့်အဖွဲ့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော မြန်မာလုပ်သားများနှင့်ပတ်သက်၍ လက်ရှိဖြစ်ပွားနေသောအခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း ဘင်္ဂလီများ အတွက်  ကလေး အကန့်အသက်မွေးနိုင်ရေး နှင့် မိတ္ထီလာမှ မွတ်ဆလင်များအတွက် ကိုယ်နှင့်မဆိုင်ပဲ ဝင်ပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မလေးရှားမှ မြန်မာများသေဆုံးချိန်တွင် ကိုယ်နှင့်မဆိုင်ဟု ဆိုကာ ပါးစပ်ပိတ်နေခဲ့သည်။a

No comments:

Post a Comment