Pages

Saturday, 29 June 2013

ဇွန်လအတွင်း က.ည.န မှ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှု အစီးရေ ၉၇၀၀၀ ကျော် ရှိလာ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှုအခြေအနေမှာ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်အထိ အစီးရေ ၉၇၀၀၀ ကျော်ရှိလာပြီး ခရီးသည်တင် မော်တော်ယာဉ်အတွက် ပါမစ်ထုတ်ပေးမှု အရေအတွက်မှာ အနည်းဆုံးဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော ယာဉ်အိုယဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုးတင်သွင်းခွင့် ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ် အစားထိုးတင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်အတွင်းက စတင်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှုမှာ လူစီး ၉၀၁၃၉ စီး၊ ကုန်တင်ယာဉ် ၅၄၆၇ နှင့် ခရီးသည်တင်ယာဉ် ၂၀၈၈ စီးစုစုပေါင်း ၉၇၆၉၄ စီးရှိပြီ ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အစားထိုးယာဉ် ကနဦးမှတ်ပုံတင်ပေးမှုမှာ လူစီးယာဉ် ၈၆၂၃၆ စီး၊ ကုန်တင်ယာဉ် ၄၁၂၇ စီး၊ ခရီးသည်တင်ယာဉ် ၁၅၅၆ စီး စုစုပေါင်း ၉၁၉၁၉ စီး ရှိပြီဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်းမှုမှာ လူစီးယာဉ် ၉၂၄၄၅ စီး၊ ကုန်တင်ယာဉ် ၅၉၅၃ စီး၊ ခရီးသည်တင်ယာဉ် ၂၀၈၆ စီး ရှိကြောင်း သိရသည်။

No comments:

Post a Comment