ဒေဟာနှင့် လိင်ဆက်ဆံခဲ့သည်ဟု ရစ်ဘာရီက ၀န်ခံခဲ့ဖူးသော်လည်း ယင်းအချိန်က သူမ၏ အသက်အမှန်ကို မသိရှိခဲ့ကြောင်း၊ လေဆိပ်မှ တက္ကစီ စီးလာခဲ့ခြင်းကြောင့် ယူရို ၂၀၀ ပေးခဲ့ခြင်းဖြစ်ပြီးပြည့်တန်
ဆာဟု မသိခဲ့ကြောင်း ဖြေရှင်းထားသည်။ ၂၀၀၉ခုနှစ်တွင် ဒေဟာမှာ အသက် ၁၇နှစ်သာ ရှိသေးပြီး ဘန်ဇီမာနှင့် တွေ့ဆုံခဲ့သည်မှာ ၂၀၀၈ခုနှစ်တွင် ဖြစ်သည်။
ပြင်သစ်ဥပဒေအရ အသက် ၁၅နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အလိုတူပါက လိင်ဆက်ဆံနိုင်သော်လည်း အသက် ၁၈နှစ် မပြည့်သေးသည့်ပြည့်တန်ဆာကို လိင်ဆက်ဆံပါ
က ပြစ်မှုကျူးလွန်ရာရောက်ပြီး ယူရို ၄၅၀၀၀ ဒဏ်ငွေနှင့် ထောင်ဒဏ် ၃နှစ်အထိ အရေးယူခံရနိုင်သည်။
ရစ်ဘာရီနှင့် ဘန်ဇီမာတို့ နှစ်ဦးစလုံးက မိမိတို့အနေဖြင့် ဒေဟာ၏ အသက်အမှန်ကို သိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား အသက်လိမ်ပြောခဲ့သည်ဟု ဒေဟာက ၀န်ခံထားသည်။ သို့သော် အဆိုပါအမှုကို ယခုလ ၂၆ရက်နေ့ မတိုင်မီ ရင်ဆိုင်ရဖွယ်မရှိကြောင်း သိရသည်။

No comments :
Post a Comment