ဇွန် ၂၆ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
အမျိုးသားလွှတ်တော်နှင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဂျပန်၊
သြစတြေးလျ၊ ပြင်သစ်လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေး အသင်းများကို
ဇွန် ၂၆ ရက်က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်
အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းကြောင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော်နှင့် ဗီယက်နမ်လွှတ်တော် ချစ်ကြည်ရင်းနှီးရေး အသင်းတွင်
ဥက္ကဋ္ဌအဖြစ် ဦးနေ၀င်းထွန်း၊ အတွင်းရေးမှူးအဖြစ် ဦးဇုန်လှယ်ထန်း၊
အဖွဲ့ဝင်များအဖြစ် ဦးဘရန်ရှောင်၊ ဦးဆန်းရယ်၊ ဦးစောတော်ပုလဲ၊
ဦးဟာရှိန်းဘွေ၊ ဦးဆိုင်ပေါင်းနပ်၊ လာအိုလွှတ်တော်နှင့်
ချစ်ကြည်ရင်းနှီးရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်ရီရီမြင့်၊ အတွင်းရေးမှူးအဖြစ်
ဦးအောင်ချိုဦး၊ အဖွဲ့ဝင်များအဖြစ် ဦးစိုင်းမြမောင်၊ ဒေါ်နန်းနီနီအေး၊
ဦးဆလိုင်းခွဲယန်၊ ဦးကျော်သူဦး၊ ဦးသက်လင်းတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ကမ္ဘောဒီးယား လွှတ်တော်နှင့် ချစ်ကြည်ရင်းနှီးရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ်
ဒေါက်တာအေးမောင်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဥာဏစိုး၊
အဖွဲ့ဝင်များအဖြစ် ဦးခက်ထိန်နန်၊ ဦးစောအောင်ကျော်နိုင်၊ ဦးဇုန်လှယ်ထန်း၊
ဦးမင်းဦး၊ ဦးဇော်ဝင်းတို့ဖြစ်ပြီး ထိုင်းနိုင်ငံ လွှတ်တော်နှင့်
ချစ်ကြည်ရင်းနှီးရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ရီ၊
အတွင်းရေးမှူးအဖြစ် ဦးဝေဇော်မိုး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်ကြည်ညွန့်၊
ဦးသော်ဇင်ဦး၊ ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး၊ ဦးစိုင်းသန့်ဇင်၊
ဒေါ်ခင်ဝိုင်းကြည်တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အလားတူ ဂျပန်လွှတ်တော်နှင့် ချစ်ကြည်ရင်းနှီးရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ်
ဒေါက်တာခင်ရွှေ၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းနိုင်ရှိန်၊ အဖွဲ့ဝင်များအဖြစ်
ဒေါ်နော်မေရီယန်၊ ဦးဇုန်လှယ်ထန်း၊ ဦးဝင်းမောင်၊ ဦးနေ၀င်းထွန်း၊
ဗိုလ်မှူးကြီး မောင်မောင်ထူး၊ သြစတြေးလျ လွှတ်တော်နှင့် ချစ်ကြည်ရင်းနှီးရေး
အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာမြင့်ကြည်၊ အတွင်းရေးမှူးအဖြစ်
ဦးစောမော်ထွန်း၊ အဖွဲ့ဝင်များအဖြစ် ဒေါ်နန်းနီနီအေး၊ ဦးသိန်းဝင်း၊
ဦးစိုးမြင့်၊ ဦးဌေးမောင်၊ ဒေါက်တာစိုးဝင်းတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ပြင်သစ်နိုင်ငံ လွှတ်တော်နှင့် ချစ်ကြည်ရင်းနှီးရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ်
ပါမောက္ခ ဒေါက်တာမြဦး၊ အတွင်းရေးမှူးအဖြစ် ဦးလှဆွေ၊ အဖွဲ့ဝင်များအဖြစ်
ဦးမိုးမြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးဖုန်းမြင့်အောင်၊ ဦးဝင်းသိန်း၊
ဦးသိန်းဆွေတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
အဆိုပါ ချစ်ကြည်ရေး အသင်းများ အနေဖြင့် ယင်းနိုင်ငံများရှိ
လွှတ်တော်များနှင့် အပြန်အလှန် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment