မြန်မာပြည်သားများ ခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။ မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင် တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက “ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပါလေရောလား???။
နောက် တစ်ခုရှိသေးတယ် “တန်ဖိုးနဲ အိမ်ယာ” ဆိုပြီး လုပ်လိုက်ကြတာ… ဆင်းရဲသားတွေ အနေနဲ့ ဘယ်လိုမှ မကပ်နှိုင်တာ သိတော့ “တန်ဖိုးမျှတအိမ်ယာ” ဆိုပြီး ပြောင်းခေါ်လိုက်ရ ပြန်ပါလေရောလား???....ခေါင်
၈၈ အရေးအခင်းတုန်းက “ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်” “ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ” တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့ ဆန်တစ်ပြည် ထောင် ကျော်ပြီမို့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလားပဲ။
မြန်မာပြည် စီးပွားရေးလောကမှာအစိုးရ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတော့ အသံတာကြားရတာနဲ့တင် နားအရသာ ရှိလှပါတယ်။ ကိုယ်မပိုင်ရရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။
ဒါပေမဲ့ပေါ့လေ… ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ လွှဲ ပြောင်းပြီးသွားပြီ်။
ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်??? လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှခွဲဝေယူနေကြတာကိုး….
မြန်မာစစ်ဗိုလ်ချုပ်များက ဤသို့ ဤပုံ ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားကြတာလေ.. ။
ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြ တယ်။
သူတို့ဟာက မ.ဆ.လ ခေတ် ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တာဘဲ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်မှန်းမသိ။ ဘယ်လိုဘဲ မျက်စိရှင်အောင် ထားထား၊ မည်ကဲ့သို့ပင် အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ များပါတယ်။မဆလခေတ် ရုပ်ရုင်ရုံလက်မှတ် တန်းစီ သလိုပေါ့ဗျာ….
မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေး တွေ က တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူပြနှိုင်တယ်။အဲဒီတော့
ဥပဒေကသက်သေမရှိရင်အရေးယူလို
ပုဂ္ဂလိကလုပ်ငန်းလူကြားကောင်
မြန်မာပြည်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကြီးတွေဘဲ လုပ်နေကြတာမို့ အဲ့ဒီ ကိုယ်စားလှယ်ကြီးတွေ တင်သမျှ ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။ သူတို့က ပိတ်ချင်တဲ့ ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်ခဲ့ကြတာကိုးဗျ။
ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။
အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။ ပုဂ္ဂလိကတော့ ပုဂ္ဂလိကဘဲ။ ဒါပေမယ့် နီးစပ်ရာ ပုဂ္ဂလိက ဖြစ်နေတာကိုး။ အဲဒီလိုနဲ့ ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာရှအဆင်းရဲဆုံး နိုင်ငံ တနိုင်ငံဖြစ်သွားရတာပါပဲဗျာ
အစိုးရကပြုပြင်ပြောင်းလဲတယ်
ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ လည်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့၉
အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။
အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။ ရန်ကုန်ရှိ လူအများစုမှာ စီးပွားရေး မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေကြရပါ တယ်။ အထူးသဖြင့် ၀န်ထမ်းများနှင့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အတော်ကျပ်တည်း ကြပါ တယ်။ ၀င်ငွေနှင့် ထွက်ငွေ မလုံလောက်ကြဘူး၊ တနေ့လုံး မနေမနား တစ်ဝမ်းတစ်ခါးကို ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူလူထုဟာ ညနေစောင်း အိမ်အပြန် ခရီးသည်တင် ကားတွေပေါ်မှာ “ခြေထောက်တစ်ချောင်း” ချခွင့်ရဖို့ ကားပေါ်လိုက်ပါခွင့်ရဖို့ သိန်းထီပေါက်တာထက် ခက်ခဲရတဲ့ကြားထဲ ဒုက္ခရောက်နေကြရတာကိုလဲ တွေ့မြင်နေရပါတယ်။
နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားကြီးအတွင်း၌ ဆောင်ရွက်နေကြသော ပျက်စီးမှု အဝဝတို့၌ အသားကျနေကြသော ခေါင်ထက်၌ အတွင်းတွင် ပေါက်ထွက်နေသော အုပ်ချုပ်ရေး ယန္တယားကြီးကို လည်း အမြန်ဆုံး ပြုပြင်ဖို့ရာ လိုအပ်ပါတယ်။အရိုးစွဲအောင် ကျင့်သားရနေကြတဲ့ လူလူချင်း ခေါင်းပုံဖြတ် မတရားအမြတ်ရှာတဲ့ စီးပွားရေး စနစ်ဆိုး နိုင်ငံတော်စီးပွားရေးမှန်သ

No comments :
Post a Comment