ဖြူး ခေါင်းဖြတ်အသတ်ခံရမှု လက်ဗွေရာနှင့် ကိုယ်ရေးအကျဉ်းပေါင်း ရှစ်သောင်းကျော် စစ်ဆေး

ဖြူး၊ ဇွန် ၃
ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှုနှင့်
ပတ်သက်၍ မေလ၂၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သေသူ၏ လက်ဗွေရာနှင့်
တောင်ငူခရိုင် အတွင်းရှိ အမျိုးသမီး လက်ဗွေပါသည့် နိုင်ငံသားကိုယ်ရေး
အကျဉ်းမှတ်တမ်းပေါင်း ရှစ်သောင်းကျော်ကို တိုက်ဆိုင် စစ်ဆေးပြီးကြောင်း
တောင်ငူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
အသက် အပိုင်းအခြားအလိုက် အမျိုးသမီး ၈၁,၆၀၀ တို့၏ နိုင်ငံသား
ကိုယ်ရေးအကျဉ်း နိုင် (၄)၊ နိုင်ငံသား၏ ကိုယ်ရေး ရာဇဝင်နှင့် ဓာတ်ပုံ၊
လက်ဗွေရာနှင့် ဘိုးစဉ်ဘောင်ဆက် ဇယား နိုင် (၂) တို့ကို တိုက်ဆိုင်
စစ်ဆေးသော်လည်း သေသူ၏ လက်ဗွေရာနှင့် တူညီခြင်း မရှိကြောင်း အဆိုပါ ဌာနထံမှ
သိရှိရသည်။
သေဆုံးသူသည် အသက် ၃၀ ခန့်ရှိ သည်ဟု ဖြူးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ
ဦးဇော်လွင်၏ အတည်ပြုချက် အရ ခရိုင် မှုခင်းတပ်ဖွဲ့(CID) နှင့် ခရိုင်
လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့က
ပူးပေါင်းကာ နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ် လက်ဗွေရာပုံစံ ကျွမ်းကျင်
ပညာရှင်များက တောင်ငူခရိုင်တွင်းရှိ အသက်၂၀ မှ ၃၀ အတွင်း အမျိုးသမီး
မှတ်ပုံတင်များကို ရယူကာ သေဆုံးသူ၏ လက်ဗွေရာနှင့် အသေးစိတ် တိုက်ဆိုင်
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ငူ ခရိုင် မှုခင်းတပ်ဖွဲ့မှ
အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“တောင်ငူ၊ ထန်းတပင်၊ ဖြူးမှာရှိတဲ့ မှတ်ပုံတင်တွေကို စစ်ဆေးနေတုန်းပါ။
ရေတာရှည်၊ အုတ်တွင်းနဲ့ ကျောက်ကြီးကိုတော့ မသွားရသေးဘူး။ မိုးပွင့်
စီမံကိန်းတွေ ပြန် စတော့ စီအိုင်ဒီကို အပြည့်အဝ မကူညီ နိုင်ပါဘူး” ဟု ၎င်းက
ပြောကြားသည်။
ဝန်ထမ်းအင်အား အခက်အခဲနှင့် ယခင်က လက်ဗွေရာ ယူခဲ့ ရာတွင်
လက်နှိပ်ပုံစံကြောင့် ကြန့်ကြာမှုများ ရှိကြောင်း တောင်ငူမြို့နယ် လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
တောင်ငူခရိုင်ရှိ မြို့နယ်ခြောက်ခုတွင် လူဦးရေ ၁၂၆၁,၆၀၂ ဦး
နေထိုင်ကြောင်း တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။
တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာ ၊ မိုင်တိုင် အမှတ် ၁၄၀/၁
ဇဟား ချောင်းကူး တံတားအောက်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက
ပီနံအိတ် နှင့်ထည့် ထား သည့် အမျိုးသမီး ဦးခေါင်းပြတ် ခန္ဓာကိုယ်နှင့်
ယင်းနေရာနှင့် နှစ်မိုင် အကွာတွင် ဦးခေါင်းကို တွေ့ရှိခဲ့ကြောင်း
ဖြူးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

Blogger Widgets
Back to Top
No comments :
Post a Comment