Pages

Thursday, 27 June 2013

ကိုယ်ဝန်ဆောင် သားဖွားခြင်း၊ အရေးပေါ် ကုသမှုနှင့် ဆင်းရဲနွမ်းပါး သူများအား ဦးစားပေး၍ အခမဲ့ဆေးဝါး ကုသမှုပေးမည်

ကိုယ်ဝန်ဆောင် သားဖွားခြင်း၊ အရေးပေါ် ခွဲစိတ်ကုသမှုနှင့် အမှန်တကယ် ဆင်းရဲနွမ်းပါး သူများအား ဦးစားပေးပြီး အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူ့ဆေးရုံများတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ဇွန် ၂၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
"အရင်က စရိတ်မျှပေး ကျန်းမာရေးစနစ် ကျင့်သုံးခဲ့ပါတယ်။ အခုတော့ လူတိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို အကောင်အထည်ဖော်ဖို့ စတင်နေပါတယ်။ အခုစနစ်သစ်မှာတော့ ရန်ကုန်မြို့ရှိ ဗဟိုသိုလှောင်ရေး ဌာနက ဖြန့်ဝေတဲ့ ဆေးဝါးတွေကို အခမဲ့ ထောက်ပံ့ပေးဖို့၊ ခွဲဝေချထားပေးတဲ့ ဘဏ္ဍာငွေကို ဆေးဝါးများ ၀ယ်ယူသုံးစွဲရာမှာ လူနာအားလုံးကို အခမဲ့ပေးနိုင်မှာ မဟုတ်သေးပါဘူး။ ဒါကြောင့် အမှန်တကယ် ချို့တဲ့နွမ်းပါးသူတွေကို ရွေးချယ်ပြီး အခမဲ့ ကုသပေးရန်၊ အရေးပေါ် လူနာများလုံးအား အခမဲ့ ကုသပေးရေး၊ အရက်ပြန်၊ ဂွမ်း၊ ပတ်တီးစတဲ့ ခွဲစိတ်ခန်းသုံးပစ္စည်း ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက်နေပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဆေးရုံများ၌ ဆေးဝါးများ ၀ယ်ယူဖြည့်တင်းနိုင်ရန် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၆၃၈၀၀၀ ခွင့်ပြုခဲ့ကြောင်း၊ ဆေးဝါးများ ပိုမိုဝယ်ယူ နိုင်ရန်အတွက် အချို့အသုံးစရိတ်များ လျှော့ချ၍ ကျပ်သိန်းပေါင်း ၁၉၁၃၆ ထပ်မံသုံးစွဲခဲ့သည့်အတွက် ကျပ်သိန်းပေါင်း ၆၅၇၁၃၆ ခွင့်ပြုချထား ပေးခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

No comments:

Post a Comment