Blogger Widgets

Saturday, 1 June 2013

ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်များ တိုးချဲ့ပြင်ဆင်ရန်အတွက် ကျပ်ဘီလျံ ၄၀ ကျော် သုံးစွဲမည်

ရန်ကုန်တက္ကသိုလ် အပါအ၀င် မြို့ကြီး ၁၀ မြို့ရှိ အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်များအား တိုးချဲ့တည်ဆောက်ရန်နှင့် ပြန်လည်ပြင်ဆင်ရန်အတွက် ကျပ်ဘီလျံ ၄၀ ကျော်သုံးစွဲမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ အင်ဂျင်နီယာဌာနမှ သိရသည်။
ယင်းကဲ့သို့ တိုးချဲ့တည်ဆောက်ရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူထားကြောင်း သိရသည်။

ကျပ်ဘီလျံ ၄၀ ကျော် သုံးစွဲမည့် အဆိုပါ တည်ဆောက်ရေး လုပ်ငန်းလုပ်ဆောင်ရာတွင် ပါဝင်သည့်မြို့များမှာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြိတ် နှင့် ထားဝယ်မြို့တို့ ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေး လုပ်ငန်းလုပ်ဆောင်ရာတွင် ပါဝင်သည့်မြို့များမှာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြိတ် နှင့် ထားဝယ်မြို့တို့ ဖြစ်ကြောင်း...
ရန်ကုန်တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တို့အား အကြီးစား ပြုပြင်မွမ်းမံခြင်း၊ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်းအပြင် စာကြည့်တိုက်နှင့် အခြားအဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

ပဲခူးတက္ကသိုလ်၊ ပြည်တက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်တို့တွင် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း အပါအ၀င် အခြားပြုပြင် တည်ဆောက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမ အပြီးသတ်တည်ဆောက်ခြင်းနှင့် လမ်းခင်းခြင်းကို လည်းကောင်း၊ မော်လမြိုင်တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် ပြုပြင်ခြင်း အပါအ၀င် စားသောက်ဆိုင် အဆောက်အအုံ တည်ဆောက်ခြင်းကို လည်းကောင်း၊ ဟင်္သာတတက္ကသိုလ်တွင် စာသင်ဆောင် တိုးချဲ့တည်ဆောက်ခြင်းနှင့် လမ်းပြုပြင် တည်ဆောက်ခြင်းများကို လည်းကောင်း၊ မအူပင်တက္ကသိုလ် ပင်မဆောင်တွင် ကေဗွီ ၅၀၀ KVA ထရန်စဖော်မာနှင့် ၁၁ ကေဗွီလိုင်း ပေ ၁၈၀၀ တည်ဆောက်ခြင်း အပါအ၀င် တည်ဆောက်ရေး လုပ်ငန်းခြောက်ခုကို လည်းကောင်း၊ မြိတ်တက္ကသိုလ်တွင် အိမ်ခန်းများ ဆောက်လုပ်ခြင်းကို လည်းကောင်း၊ ထားဝယ်တက္ကသိုလ်တွင် မိုးလုံလေလုံ အားကစားရုံအား ပြုပြင်ခြင်း အပါအ၀င် အိမ်ခန်းအသစ် တည်ဆောက်ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top