Pages

Sunday, 16 June 2013

ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ တွေ့ဆုံ

 
ရန်ကုန် ဇွန် ၁၅

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ် ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မူလ သတင်းထုတ်ပြန်ထားချက်အရ မွန်းလွဲ ၂ နာရီ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့် စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။

“အလည်သက်သက် လာတာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က နေအိမ်မှ ပြန်လည် ထွက်ခွာချိန် သတင်းရယူရန် စောင့်ဆိုင်းနေသော မီဒီယာ များအား ကားပေါ်မှ ပြောကြားသွားခဲ့သည်။

No comments:

Post a Comment