မြန်မာနိုင်ငံကို
စွမ်းအင်ကဏ္ဍမှာ အပျိုစင်အဖြစ်နဲ့ နိုင်ငံတော်တော်များများက
သဘောကျနှစ်ခြိုက်နေဆဲ ပါ။ မော်ဒန်ခေတ်လွန်ကာလမှာ ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့
ဆက်လက်ထိန်းချုပ်မရနိုင်တော့ကာလမှာ သေချာမှု ဆိုတာ ပျောက်ဆုံးနေခဲ့ပါပြီ။
အဲ့ဒီမသေချာမှုတွေကို
အလောင်းအစားသဏ္ဍန်နဲ့ မဲခေါင်ဒေသ လျှပ်စစ်ကွန်ယက် ပြုလုပ်ပြီး ဆင်းရဲတဲ့
နိုင်ငံတွေက စွမ်းအင်တွေကို ချမ်းသာတဲ့နိုင်ငံဆီရောင်းချဖို့
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ကြံရွယ်နေတယ်။
လျှပ်စစ်စွမ်းအင်
မဂ္ဂါဝပ်ပေါင်း တစ်သိန်း ထုတ်နိုင်စွမ်းရှိတဲ့ မြန်မာနိုင်ငံကနေ မဂ္ဂါဝပ်
၄၆၀၀၀ ထုတ်ယူဖို့ ADB က ခန့်မှန်းထားတယ်လို့ သိရတယ်။ သူတို့က
မြန်မာ့စွမ်းအင်ကဏ္ဍနဲ့ပတ်သက်လို့ ပုဂ္ဂလိက ပြောင်းဖို့အတွက် လည်း
အဓိကတွန်းအားပေးနေတဲ့ အဖွဲ့အစည်းပါ။
မဲခေါင်ဒေသတွင်း ၆ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ညအချိန်မှာ
အမှောင်မဲဆုံးနိုင်ငံပါ။ ထိုင်းနဲ့ တရုတ်နိုင်ငံက လျှပ်စစ်လွှမ်းခြုံမှု
ရာနှုန်းပြည့်နီးပါးရနေပါတယ်။ ဗီယက်နမ်က တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၉၅%
လျှပ်စစ် လွှမ်းခြုံနိုင်တယ်၊ ကမ္ဘေားဒီယားတောင် မြန်မာရဲ့အထက် ၂၆% လျှပ်စစ်
လွှမ်းခြုံနိုင်တယ်၊ အခုမှတိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ
စတင်နေတဲ့ မြန်မာနိုင်ငံက လူတစ်ဦးချင်းအပေါ်အခြေခံတွက်ချက်တဲ့
လျှပ်စစ်လွှမ်းချုံနိုင်မှုပမာဏက ၂၃%သာ ရှိနေတယ်လို့ World Bank က
သတင်းထုတ်ပြန်ခဲ့တယ်။
၂၀၁၀ခုနှစ်က
ထုတ်ပြန်ခဲ့တဲ့စာရင်းဖြစ်ပေမယ့် ဒီကြားကာလမှာ ထူးထူးခြားခြား တက်လာတဲ့
နိုင်ငံ တွေအထဲမှာ မြန်မာမပါနိုင်တာ သေချာပါတယ်။ ၂၀၁၃ ခုနှစ်မြန်မာ့
ပြောင်းလဲရေးဖြစ်စဉ်တွေမှာ ဂျပန်နဲ့ ထိုင်းနိုင်ငံက လျှပ်စစ် စွမ်းအင်ဆိုင်ရာ အကူအညီတွေ သိသိသာသာ ပေးလာနေတယ်၊ အဲ့ဒီနောက်ကွယ်မှာ ဘာတွေ ကပ်ပါလာမယ်ဆိုတာလည်း ကွန်တော်တို့ မသိနိုင်ပါဘူး။
လျှပ်စစ်စွမ်းအင်ရယူရာမှာ
ရေအားလျှပ်စစ်မှထုတ်ယူရရှိမှု၊ ကျောက်မီးသွေးမှ ထုတ်ယူမှု၊ နြူကလီး ယားမှ
လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု၊ သဘာဝဓါတ်ငွေ့မှ ထုတ်ယူမှု၊ လေမှ
စွမ်းအင်ပြောင်းလဲ ထုတ်လုပ်မှု၊ Bio Mass , Solor အပါအ၀င်
အခြားနည်းလမ်းတွေနဲ့ စွမ်းအင်ကို နည်းအမျိုးမျိုးနဲ့ ထုတ်လုပ်နေကြပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ
စွမ်းအင်ကဏ္ဍ အဓိက၀ယ်ယူ တင်သွင်းနေရတဲ့ နိုင်ငံတွေက ထိုင်း၊ဖိလစ်ပိုင်၊
စင်္ကာပူနဲ့ ကမ္ဘောဒီယားနိုင်ငံတွေပါ၊ မြန်မာအပါအ၀င် ကျန်တဲ့ နိုင်ငံတွေက
ရောင်းချ တဲ့ နိုင်ငံတွေပါ။
ထိုင်းနိုင်ငံက
ရုပ်ကြွင်းလောင်စာအပေါ် ၈၀%မှီခိုနေရတဲ့ အချိန်မှာ မြန်မာနိုင်ငံက
ရုပ်ကြွင်းလောင်စာ အပေါ် ၃၅%သာ မှီခိုနေရပြီး ကျန်ရာခိုင်နှုန်းတွေကို
အခြားကဏ္ဍတွေကနေသာ ထုတ်ယူသုံးစွဲနေရလို့ မြန်မာပြည် မှောင်မဲနေရတာပါ ။
နောက်တစ်ချက်က ထိုင်းနိုင်ငံစွမ်းအင် လိုအပ်ချက်ရဲ့ (၁၀)ပုံတစ်ပုံ လောက်ပဲ
လိုအပ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရှိသမျှ သဘာဝဓါတ်ငွေ့အပါအ၀င် ရေအား
လျှပ်စစ်တွေကိုပါ ထုတ်ရောင်းထားတဲ့အတွက် အခြားနိုင်ငံတွေလို မီးထိန်ထိန်
မလင်းနိုင်တာပါ။
မြန်မာ့စွမ်းအင်သုံးစွဲမှုကဏ္ဍမှာ မဟာဓါတ်အားလိုင်း(National Grid)ကနေ ရေအားလျှပ်စစ်နဲ့ 2780 Mw၊ ဓါတ်ငွေ့ 714.9 Mw၊ ကျောက်မီးသွေးနဲ့
120 Mw ထုတ်လုပ်နိုင်တယ်၊ အဲ့ဒီ အထဲမှာ ရန်ကုန်နဲ့ မန္တလေးနှစ်မြို့ထဲတင်
တစ်နိုင်ငံလုံးထုတ်လုပ်တဲ့ လျှပ်စစ် ၆၀% လောက် အသုံးပြုနေတာ ဖြစ်တယ်လို့
ADBက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ
အခြားစွမ်းအင်သုံးစွဲမှုကဏ္ဍ (off grid) အနေနဲ့ အသေးစားရေအားလျှပ်စစ်ကနေ
33327 kw၊ ဒီဇယ်ကနေ လျှပ်စစ်စွမ်းအင်ထုတ်ထာ 77611 kw ရှိတယ်လို့လည်း
သိရပါတယ်။
ငယ်ငယ်က
နောင်ချိုမြို့ငယ်လေးမှာ ကျွန်တော်နေခဲ့တယ်။ အိမ်နောက်ဖေးမှာ
ချောင်းကလေးရှိတော့ အဖေက ရေ ဒလက်ရိုက်ပြီး မော်တာလေးနဲ့ လျှပ်စစ်မီးကို
ကိုယ်တိုင်လည်း သုံးတယ်၊ သူများကိုလည်း ငွေ နည်းနည်းနဲ့ ရောင်းခဲ့ဖူးတယ်၊
ကျွန်တော်တို့အိမ်နဲ့ ပတ်ဝန်းကျင် (၁၀)အိမ်လောက် ကိုယ်ပိုင် လျှပ်စစ်မီး
ရပါတယ်၊ အခုလည်း အိမ်ခေါင်မိုးမှာ ဆိုလာပြားကပ်ထားတဲ့အတွက် အဖေတို့အိမ်မှာ ညဘက် မီးလင်းနေပါသေးတယ်။
ကမ္ဘာမှာ
ဆိုလာစွမ်းအင်က အကောင်းဆုံးဆိုပေမဲ့ ကုန်ကျစရိတ်နောက်ကို
ကျွန်တော်တို့တတွေ မလိုက်နိုင် ကြသေးပါဘူး ၊ မြန်မာပြည်မှာ ဂျပန်နိုင်ငံက
ဆိုလာစွမ်းအင်နဲ့ Mw 200 ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်း ကြားတော့ စွမ်းအင်အရေးဆောင်ရွက်နေသူ Director of Mekong Energy & Ecology Network မှ
Khun Witoon က ထိုင်းမှာတောင် Mw 20 ကနေ 50 ရအောင် ကြိုးစားနေတဲ့
အချိန်မို့ ဒီစီမံကိန်းကို လမ်းပြောင်းပြန်သွားနေတဲ့ အစီအစဉ်လို့
မှတ်ချက်ပေးတယ်။
မိုးအုံ့တိမ်ဖုံးနေရင်
ဆိုလာပြားတွေက အလုပ် မလုပ်နိုင်တဲ့အတွက် တစ်နေရာထဲမှာ မဂ္ဂါဝပ် ၂၀၀ စလုံး
ထားမဲ့ အစား 1 Mw ထုတ်နိုင်တဲ့ စက်တွေကို နေရာအခု ၂၀၀ လောက်မှာ
ခွဲထားမယ်ဆိုရင် တိမ်ဖုံးတဲ့ဒဏ် ၁၀% လောက်ပဲ ခံရနိုင်တယ်လို့ သူက
ထောက်ပြခဲ့ပါသေးတယ်။
မြန်မာနိုင်ငံက
ထွက်ရှိနေတဲ့ ရဲတံခွန်၊ ရတနာ၊ M9 လုပ်ကွက်၊ ရွှေက သဘာဝဓါတ်ငွေ့ အပါအ၀င်
ဇောတိက ကထွက်ရှိမဲ့ သဘာဝဓါတ်ငွေ့တွေကိုလည်း ရောင်းချဖို့အတွက်
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံအစရှိတဲ့ နိုင်ငံတွေနဲ့ စာချုပ်ချုပ်ပြီးသား
ဖြစ်တယ်လို့ သိရတယ်။
မဟာဓါတ်အားလိုင်းကနေ
၂၀၁၂ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း အမြင့်ဆုံးပေးနိုင်ခဲ့တဲ့
လျှပ်စစ်ပမာဏက 1750 Mwရှိတယ်လို့ မြန်မာ့လျှပ်စစ်ဝန်ကြီးက ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ
လျှပ်စစ်စွမ်းအင်ကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ထုတ်လုပ်နေကြတဲ့ IPP
(Indenpent Power Producer)၊ SPP( Small Power Producer)နဲ့ VSPP
(Very Small Power Producer) တွေ သူ့နည်းသူ့ဟန်နဲ့ ရှိကြပေမယ့်
ဒီထုတ်လုပ်သူတွေနဲ့ သုံးစွဲသူကြားမှာ အဆင်ပြေပြေ ချိတ်ဆက်ပေး နိုင်မဲ့
ဥပဒေနဲ့ပွင့်လင်းမြင်သာမှုတွေ အားနည်းလျက်ရှိတာ တွေ့ရပါတယ်။
VSPP
သမားတွေက ဗဟိုစနစ်နဲ့ ချိတ်ဆက်ရ ခက်တဲ့အတွက် ဗဟိုစနစ်က သူတို့ကို
မကြိုက်ဘူး၊ အဲ့ဒီတော့ သူတို့ တရားဝင်ဖြစ်အောင်လျှောက်မယ်ဆိုရင်
လိုအပ်ချက်တွေကို အရမ်းမြှင့်တင် ထား လေ့ရှိတာ တွေ့ရတယ်။ ဒီနေရာမှာ
လူမှုအရေးအဖွဲ့အစည်းတွေနဲ့ စည်းရုံးပေါင်းစည်းနိုင်မှုကဏ္ဍက အရေး
ပါလာမယ်ထင်ပါတယ်၊ လျှပ်စစ်ဈေးကွက်ဝေစုတစ်ခုရဖို့အတွက်ဆိုရင်တော့
ဒီစနစ်တွေကို ပြင်ဆင်ပြောင်းလဲဖို့ ခိုင်မာတဲ့ဥပဒေနဲ့ အထောက်အပံ့တွေက
အရေးတကြီးလိုအပ်လာပြီ။
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ
10 Mw အောက်ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းတွေကို Renewable Energy လို့
ခေါ်ပါတယ်၊ ရေကို ပညာရှင်တွေက ပြန်ပြည့်မြဲစွမ်းအင်ထဲ ထည့်ပေမယ့်၊ ဆည်ဆောက်
ရင် ပျက်စီးနိုင်တဲ့ သဘာ၀၀န်းကျင်အရေးကို ထည့်စဉ်းစားလို့ ရေက
ထုတ်တိုင်းတော့ Reneawable Energy မဟုတ်ဘူးလို့လည်း သိရပါတယ်၊
ထိုင်းနိုင်ငံ
လက်ရှိထိုင်းစွမ်းအင်ဝန်ကြီးအသစ်ကလည်း မြန်မာနိုင်ငံ ထားဝယ်စီမံကိန်းကနေ
4000 Mw ဓါတ်အားပေးစက်ရုံနဲ့ အခြားတစ်နေရာမှာ Mw 4000 စီမံကိန်းအပါအ၀င်
သံလွင်မြစ်တလျောက်ကနေ Mw 15000 ထွက်ရှိမဲ့ စီမံကိန်း တစ်ခု မြန်မာအစိုးရကို
ကမ်းလှမ်းထားတယ်လို့ ၀န်ကြီး ဖုံစပ်က ထိုင်း အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့
thanonline.comမှာ ပြောထားပါတယ်။
နောင်
၁၅နှစ်အတွင်း ဆည်မဆောက်ဖို့၊ ကျောက်မီးသွေးစက်ရုံနဲ့ နြူကလီးယားစက်ရုံ
ထပ်မဆောက်ဖို့ ထိုင်းလွှတ်တော်မှာ အဆိုပြုထားတယ်လို့
ထိုင်းလွှတ်တော်အမတ်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့
ဒေသတွင်းနိုင်ငံတွေရဲ့ဖွံ့ဖြိုးမှုနောက် မဖြစ်မနေအမှီလိုက်မယ်ဆိုရင်
လာမယ့်နှစ် (၂၀)အတွင်း လျှပ်စစ် စွမ်းအင်လိုအပ်ချက်က လက်ရှိအသုံးပြုနေတာထက်
(၆)ဆ ပိုလိုအပ်တယ် ဆိုတာ ထိုင်းစွမ်းအင်ဝန်ကြီးဟောင်းက မအံ့သြဘူးလို့
သူ့နိုင်ငံရဲ့ အတွေ့အကြံနဲ့ယှဉ်ပြီး ပြောပါတယ်၊
မြန်မာနိုင်ငံက
သဘာဝဓါတ်ငွေ့တွေ ထုတ်ရောင်းနေတာနဲ့ပတ်သက်ပြီး ကိုယ့်အတွက်ကိုယ်
စဉ်းစားစေချင်ကြောင်း ထိုင်းစွမ်းအင်ဝန်ကြီးဟောင်းက မြန်မာမီဒီယာတွေနဲ့
တွေ့ဆုံစဉ် အကြံ ပြု ပြောကြားခဲ့ပါသေးတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးအောင်လုပ်တဲ့အခါမှာ
မဟာဓါတ်အားလိုင်းနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကနေတဆင့်
ထုတ်လွှတ်ရောင်းချနေတဲ့ ပမာဏကို မြင့်တက်အောင်လုပ်ပြီး ရောင်းရငွေတွေကို SPP
နဲ့ အထူးသဖြင့် VSPP လုပ်ငန်းရှင်လေးတွေကို ဥပဒေပြဋ္ဌာန်းပြီး ငွေကြေး
ထောက်ပံ့ကူညီပေးလာနိုင်တာနဲ့ အမျှ မြန်မာနိုင်ငံ တဖြည်းဖြည်း
အလင်းရောင်ရရှိမှု တိုးလာအောင်လုပ်ဖို့ဆိုတဲ့ အတွေးပဲ စဉ်းစားမိပါတယ်။
မြန်မာ့ရေနံ၊သဘာဝဓါတ်ငွေ့နဲ့
ရေအားလျှပ်စစ်တွေကို အခြားနိုင်ငံကို ထုတ်မရောင်းပါနဲ့လို့ လွန်ခဲ့တဲ့
နှစ်(၅၀)က အတွေးမျိုးနဲ့ ထုတ်ဖော် မပြောချင်ပါဘူး၊ ဒါပေမယ့်
ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး နည်းစနစ်တွေနဲ့ မြန်မာ့စွမ်းအင်တွေ
ထုတ်ရောင်းလို့ ရတဲ့ နိုင်ငံခြားငွေတွေကိုသာ မြန်မာပြည်ကို အလင်း ရောင် ပြည့်ပြည့်၀၀ရရှိရေးအတွက် ပွင့်လင်းမြင်သာမှုနဲ့အတူ ပြန်လည်အသုံးချပေးမယ်ဆိုရင်။

No comments :
Post a Comment