ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော် ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဟာ ၀ ပြည် သွေး
စည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ်အဖွဲ့လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ် ရခဲ့တယ်ဆိုတဲ့ သတင်းကို တရား
ဝင် ငြင်းဆိုခဲ့ပါတယ်။
စည်း ညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာသတင်းစဉ်အဖွဲ့လည်း ပါဝင်သွားခဲ့ရာ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ် ရခဲ့တယ်ဆိုတဲ့ သတင်းကို တရား
ဝင် ငြင်းဆိုခဲ့ပါတယ်။
ဧပြီ လကုန်ပိုင်းက Jane's Intelligent Review က သတင်းတပုဒ်မှာ တရုတ်နိုင်ငံဆီက ဝေဟင် မှ ဝေဟင်
ပစ် ဒုံးလက်နက် တပ်ဆင်ထားတဲ့ စစ်သုံးရဟတ်ယာဉ် ၅ စီး UWSA က ရခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဝ
ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဒုဥက္ကဌ ဦးရှောင်းမီးလျှန်းက အနည်းငယ်တော့ စိုးရိမ်မိတယ်လို့ ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဝ ဒေသဟာ ဖွံ့ဖြိုးမှု နောက်ကျနေတာကြောင့် ဒေသတွင်းက လူတွေ ဗဟုသုတရစေဖို့ ဥယျာဉ်ကြီး တခု တည်ဆောက်ပြီး အဲဒီဥယျာဉ်ထဲမှာ ပြသဖို့ လေယာဉ် ၂ စီးတော့ ၀ယ်ခဲ့ပါတယ်တဲ့။
" ထိုင်းနိုင်ငံက ရဟတ်ယာဉ် အဟောင်း ( အခွံချည်းသက်သက်) စက် မပါတာ က တစင်း၊ ဖော်ကာ လေ ယာဉ် အသေးစား ( စက်မပါ) တစင်း၊ မြစ်ကြောင်းသွား ရေယာဉ်တစင်း၊ စုစုပေါင်း ၃ စင်း ကို ၀ယ် ယူခဲ့
ပါတယ်။ ရဟတ်ယာဉ်မှာ နောက်မြီးတောင် မပါပါဘူး" လို့ ဦးရှောက်မီးလျှန်းက ပြောထားပါတယ်။
ဒီသတင်းဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာအစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာပြီး မြန်မာအစိုးရ ငြိမ်း
ချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ရတာပါ။
အခုတော့ UWSA ခေါင်းဆောင်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ UWSA အကြား နားလည်
မှု လွဲမှားနိုင်တဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ့အလင်း သ
တင်းမှာ ဖော်ပြထားပါတယ

No comments:
Post a Comment