Blogger Widgets

Friday, 17 May 2013

မောင်းသူမဲ့လေယာဉ်အား လေယာဉ်တင် သင်္ဘောပေါ်မှ သမိုင်းဝင် ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့သည့် US Navy

အမေရိကန်ရေတပ် အနေဖြင့် လေကြောင်း သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အခက်ခဲဆုံးဟု ဆိုနိုင်သည့် မောင်းသူမဲ့ လေယာဉ်တ စ်စီးအား USS George H. W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်မှ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ် (သို့) တရားဝင်အမည် X-47B မောင်းသူမဲ့ လေကြောင်း တိုက်ခိုက်ရေးစနစ် (Unmanne
d Combat Air System – UCAS) အား လေယာဉ်တင် သင်္ဘောပေါ်မှ အစမ်းပစ်လွှတ်ခြင်းအား ယမန်နေ့ (မေလ ၁၄ ရက်နေ့) တွင် ဗာဂျီးနီးယားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်၌ ဆိုက်ကပ်ထားသည့် USS George H. W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

Northrop Grumman ကုမ္ပဏီထုတ် X-47B မောင်းသူမဲ့လေယာဉ်သည် Chespeake ကမ်းခြေအနီး ၆၅ မိနစ်ကြာ ပျံသန်းပြီး နောက် မေရီလန်းဒ်ပြည်နယ်ရှိ Pautxent ရေတပ်အခြေစိုက်စခန်းရှိ လေယာဉ်ကွင်း၌ အောင်မြင်စွာ သက်ဆင်းနိုင်ခဲ့သည်။

ဤစမ်းသပ်မှုနှင့် ပတ်သက်ပြီး အမေရိကန် ရေတပ်ဦးစီးချုပ် Vice Admiral David Buss က “ယနေ့ တွေ့မြင်ခဲ့ရတာကတော့ ကမ္ဘာပေါ်မှာ စွမ်းရည်အမြင့်ဆုံးနဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစနစ်ဖြစ်တဲ့ နူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောများနဲ့ မောင်းသူမဲ့စနစ်သုံး တိုက်ခိုက်ရေးစနစ်များကို ပေါင်းစပ်နေတဲ့ ကျွန်တော်တို့ အမေရိကန်ရေတပ်ရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။” ဟု ဆိုခဲ့သည်။

အမေရိကန်ရေတပ် အနေဖြင့် မောင်းသူမဲ့ လေယာဉ်များအား စစ်မြေပြင်တွင် အထိရောက်ဆုံး အသုံးချနိုင်ရန်မှာ လေယာဉ်တင် သင်္ဘောများပေါ်တွင် တင်ဆောင်သယ်ယူသွားရန် လိုအပ်ပေသည်။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက်မူ အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် ပင်လယ်ပြင်၌ ရပ်နားထားသည့် လေယာဉ်တင် သင်္ဘောပေါ်သို့ သက်ဆင်းနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

လေယာဉ်တင် သင်္ဘောပေါ်သို့ သက်ဆင်းရသည်မှာ အထက်မြက်ဆုံးသော လေယာဉ်မှူးများ အတွက်ပင် စိတ်ဖိစီးမှု ခံစားရသည့် အချိန်ဟု သိရှိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top