Pages

Tuesday, 21 May 2013

အော်ပရေတာ ပြုလုပ်ရန် အမရာနှင့် MTN ကုမ္ပဏီတို့ မှ ဒေါ်လာ ၁.၅ ဘီလီယံ မြှုပ်နှံမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရှိ မိုဘိုင်းအော်ပရေတာ နေရာနှစ်ခုအတွက် တင်ဒါအောင်မြင်
ပါက အမရာတယ်လီ ကွန်မြူနီကေးရှင်းနှင့် အာဖရိက အခြေစိုက် MTN တယ်လီကွန်မြူ နီကေးရှင်း ကုမ္ပဏီတို့မှ ပူးပေါင်းကာ အဆိုပါလုပ်ငန်းအတွက် ဒေါ်လာ ၁.၅ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း အမရ တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်အေးမြမြကြည်က ပြောသည်။

၎င်းက “ရေရှည် လုပ်ကိုင်ခွင့် ၁၀နှစ်၊ ၁၅နှစ်အတွင်းမှာ မြုပ်နှံသွားမှာပါ။ ဘယ်သူက ဘယ်လောက် စိုက်ထုတ်မယ်ဆိုတာက တော့တင်ဒါအောင်ပြီးမှပဲ သိနိုင်မှာပါ” ဟု ဆိုသည်။

ယခုအခါ မိုဘိုင်းအော်ပရေတာ တင်ဒါဝင်ပြိုင်ထားသည့် ကုမ္ပဏီ ၁၂ ခုရှိပြီး တတိယနှင့် နောက်ဆုံး အဆင့်ရွေးချယ်မှုအတွက် ဇွန်လ ၃ရက်နေ့က နောက်ဆုံးထားကာ ဆက်လက် လျှောက်ထားရမည်ဖြစ်ပြီး
နောက်ဆုံးရွေးချယ်ခံရသည့် ကုမ္ပဏီ နှစ်ခုအမည်ကို ဇွန်လ ၂၇ရက်နေ့တွင် ထုတ်ပြန် ကြေညာနိုင်ရန်
မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး စိစစ်ရေးနှင့် ရွေးချယ်မှု ကော်မတီက သတင်းထုတ်ပြန် ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေမှာ မထွက်သေး သည့်အတွက် ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လုပ်ဆောင်နေရကြောင်း MR Serame Taukoboung ကပြောသည်။

MR Serame Taukoboung က “ဒီနိုင်ငံရဲ့  ဥပဒေ အတိုင်းဘဲ လိုက်နာမယ် ၊ လူအခွင့်အရေးကို လည်း ဥပဒေ အတိုင်းဘဲ လုပ်မယ်။ပြည်တွင်းဥပဒေအပြင် နိုင်ငံတကာ ဥပဒေကိုပါ လိုက်နာမယ်။ကျွန်တော်တို့ စီးပွားရေးကို အခြေခံတဲ့ ကုမ္ပဏီ ပဲဖြစ်တယ်။ကျွန်တော်တို့  ခရိုနီတွေနဲ့ လည်း ပတ်သတ်မှုမရှိဘူး။” ပာု မဇ္စိုမသို့
ပြောသည်။

ယခုအခါ ဥပဒေ မရှိသေးသည့်အတွက် ပြည်တွင်း ပြည်ပမှ တယ်လီဖုန်း အော်ပရေတာလုပ်ကိုင်ရန် လုပ်ဆောင်နေသူများ အနေဖြင့် ယခင်တည်ဆဲ ဥပဒေများကိုသာ ကြည့်၍ ဆောင်ရွက်နေရကြောင်း
ဒေါ်အေးမြမြကြည်က ရှင်းပြသည်။

အဆိုပါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု အနေဖြင့် မြန်မာတနိုင်ငံလုံးရှိ ဆက်သွယ်ရေး လုပ်ငန်းများကို
ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အမရာ အနေဖြင့် ဖုန်းဆင်းကဒ်များအား ပြည်သူများအား အလကား
ပေးနိုင်သည် အထိရည်ရွယ်ထားကြောင်း ဒေါ်အေးမြမြကြည်က ဆိုသည်။

MTN တယ်လီကွန်မြူနီကေးရှင်း ကုမ္ပဏီသည် တောင်အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ၂၂ နိုင်ငံတွင် မိုဘိုင်း အော်ပရေတာလုပ်ကိုင်ပြီး မိုဘိုင်းသုံးဆွဲသူ ၁၉၅ သန်း ရှိကြောင်း သိရသည်။

No comments:

Post a Comment