မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် MIC ဥက္ကဌ ဦးစိုးသိန်းရဲ့
နေရာမှာ ဦးဝင်းရှိန်ကို ပြောင်းလဲ ခန့်အပ် လိုက်ကြောင်း သမ္မတရုံးက မေလ ၃
ရက်နေ့မှာ အမိန့် ထုတ်ပြန် လိုက် ပါတယ်။
အမိန့်ကြေညာစာထဲမှာ အရင် ဥက္ကဌ သမ္မတရုံးရဲ့ ပြည်ထောင်စု ၀န်ကြီး ဦးစိုး သိန်းရဲ့နေရာမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်၊ အတွင်းရေးမှူး သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း အစား ဒေါက်တာ ကံဇော် ပြောင်းလဲ တာဝန်ပေးလိုက်တာပါ။
သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန် ကြော်ငြာစာထဲမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်ကို ဥက္ကဌ ဦးဝင်းရှိန် အပါအ၀င် အစိုးရအဖွဲ့ ၀န်ကြီးတွေနဲ့ ပြင်ပက ကျွမ်းကျင်သူ ပညာတွေ အပါအ၀င် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း လွှတ်တော်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေ လုပ်ထုံးလုပ်နည်းနှင့် ညီမညီ လွှတ်တော်မှ စောင့်ကြည့်နေကြောင်း၊ လွှတ်တော်ကော်မတီ တာဝန်ရှိသူများက ပြောကြားထားပါတယ်။
DVB TV News

No comments:
Post a Comment