Pages
▼
သမ္မတဦးသိန်းစိန် အမေရိကခရီးစဉ် တွင်စီလီကွန် တောင်ကြားသို့ သွားရောက်က Google ဥက္ကဋ္ဌနှင့် တွေ့ဆုံမည်
အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရသွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားနှင့်
တွေ့ဆုံပြီးပါက ဆန်ဖရန်စစ္စကို ပြည်နယ်ရှိ စီလီကွန် တောင်ကြားသို့
သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ
ခရီးစဉ်အသေးစိတ်စီစဉ်ပြီးပါက နိုင်ငံတော်သမ္မတရုံးမှတရားဝင်ထုတ်ပြန်ပေး
သွားမည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြန်လည် ဖြေကြား
သည်။
ယင်းနောက် အဆိုပါ ပြည်နယ်သို့ ရောက် ရှိနေသော မြန်မာနိုင်ငံ သားများနှင့်
လည်း တွေ့ဆုံသွားရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။
“သမ္မတ အခုသွားမယ့် အမေရိက ခရီးစဉ်တစ်ခုလုံးက မြန်မာနိုင်ငံရဲ့
စီးပွားရေးတင်မကဘူး။ ဘက်စုံ တိုးတက်ရေးအတွက် အထောက်အကူ
ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ
ကို သူတို့ရဲ့ မိတ်ဖက်နိုင်ငံအနေနဲ့ သတ်မှတ်လိုက်တာပါ။
မြန်မာနိုင်ငံက အမေရိကရဲ့ မိတ်ဖက် အဆင့် ရောက် သွားတာပါ” ဟု စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြား
သည်။ အမေရိကအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီများ စိတ်ဝင်
စားခြင်း ခံနေရသည့် မြန်မာနိုင်ငံ အတွက် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်
မှာ မြန်မာနိုင်ငံတွင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ လာရောက်လုပ်ကိုင်
ရေးအတွက် များစွာ အထောက် အပံ့ကောင်း ဖြစ်မည်ထင်ကြောင်း အိုင်တီ
ပညာရှင် တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ်
The Voice Daily သတင်း စာတွင် ဖော်ပြထားပါသည်
No comments:
Post a Comment