ဥပမာ Samsung Galaxy Gio ပဲထားပါတော့ ။ Gio ထွက်ခဲ့ တဲ့ အချိန်တုန်း Play Store ဆိုပြီးတောင် နာမည်မပြောင်းသေးပါဘူး။ Market အနေနဲ့ ပဲApp ပါဝင်လာတာပါ။ ပြီးတော့ ဖုန်းရဲ့ Firmware ကလည်း 2.2 (Froyo) နဲ့ လာတာပါ။ ဒါပေမယ့် 2.3.6 (Gingerbread) အထိUpdate ထွက်ထားပါတယ်။ Gio က play store ရဲ့ Support Device List ထဲမှာ ပါဝင်ပါတယ်။ဒါကြောင့် Market App ပေါ်က တောင် Access လုပ်ပြီး ၀င်ရောက် ဒေါင်းလုပ်ဆွဲ နိုင်ပါတယ်။ အဓိကပြောချင်တာကတော့ Google ရဲ့ အသိအမှတ်ပြုဘယ် Device မဆို play store ကိုဝင်လို့ ရပါတယ်။ ၀င်လို့ မရဘူးလို့ ပြောနေသူတွေလည်းရှိ ပါတယ်။ ဒီလို ၀င်လို့ မရတဲ့ သူ တွေ အတွက်ကတော့  Google Play Service ဆိုတဲ့ App ကို အောက်မှာပေးထားတဲ့ လင့် အတိုင်း ဒေါင်းလုပ်ဆွဲ ပြီး Install လုပ်ပါ။ ပြီးသွားရင် Setting>>About phone>>Software update ကို ၀င်Google အကောင့် နဲ့ Sign up လုပ် ပြီး FOTA update ကို ရယူပါ။ ဒီလို FOTA update ယူမှ GIO လို ဖုန်းမျိုးဆို ရင် နဂိုပါဝင်လာတဲ့  Google ရဲ့ Native app တွေကို update လုပ်ပေးမှာပါ။FOTA update လုပ်ရင် ဘာမှ ပြဿနာ မရှိနိုင် ပါဘူး။ Samsung ၊ HTC စတဲ့  branded ဖုန်းတွေအကုန်လုံး Google Native app တွေ Version နိမ့် နေရင် Update လုပ် နိုင်ပါတယ်။ ဒါတွေအကုန်လုပ်ပြီးရင်တော့  Play Store Access ရရှိပါပြီ။
Google Play Support Device Link -- http://support.google.com/

No comments :
Post a Comment