Blogger Widgets

Friday, 3 May 2013

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား ၏ အမေရိကန်ခရီးအတွက် Father Land ကုမ္ပဏီမှ ငွေကျပ် သိန်း (၅၀) ထောက်ပံ့ပေးအပ်ခဲ့
Friday, May 03, 2013

မေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက်မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အတွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်။

ကိုချိုလေး
ပုဂံအွန်လိုင်းမီဒီယာ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကိုLike လုပ်ထားပါမေလအတွင်း ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ခေါင်းဆောင်များ၏ အမေရိကန်ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀) ထောက်ပံ့ပေးခဲ့ကြောင်း Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်မ
ျားဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ နှစ်ဦး အပါအ၀င် ၈၈ အဖွဲ့ဝင်များ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy ၏ ဖိတ်ကြားချက်အရ ယခုလ (၁၉) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားရောက် မှာဖြစ်ပါသည်။ ကိုမင်းကိုနိုင်ဟာ NED အဖွဲ့ကြီးကချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ခရီးစဉ်အ တွင်း ကိုယ်တိုင်လက်ခံသွားမည်ဖြစ်သည်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးဟာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယား နိုင်ငံကို အရင်
ဆုံးသွားရောက်မှာဖြစ်ပြီး မင်းကိုနိုင်ဟာ NED က ၂၀၁၂ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီမိုကရေစီဆုကို ပြီး ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း လက်ခံယူဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံကူး လက်မှတ်လျောက် ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို မြန်မာ အစိုးရက အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကို လက်မခံဘဲ ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အား ထောက်ပံ့ပေးသည့် Father Land ကုမ္ပဏီသည် နိုင်ငံအနှံ
ဆောက်လုပ်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသည့်ကုမ္ပဏီဖြစ်ပြီးကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များမှာ မြန်မာနိုင် ငံ မူဆလင်အဖွဲ့အစည်းများတွင် ရာထူးကြီးနေရာများ ရယူထားသူများဖြစ်ကြောင်းသိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top