ဒီဇာတ်ကားရိုက်တုန်းက အမှတ်တရတွေနဲ့ ပတ်သက်ပြီး
အိချောပိုက “အမှတ်တရ ဆိုရင် အဝတ်အစားက စုစုပေါင်းနှစ်စုံလောက်ပဲ ကုန်
လိုက်တယ်။ အဲဒီကား က အဝတ်အစား နှစ်စုံဖြစ်ပေမယ့် အခန်းတွေ ဆက်စပ်မိအောင်
မှတ်ရတာ တော်တော်များတယ်” လို့ဆိုပါတယ်။ ပရိသတ်တွေ ကတော့ စရိုက် ကတည်းက
အကြံဥာဏ် ပေးကြပြီး စရိုက်တဲ့ကား မှာမိတ်ကပ် ကို ဘယ်လိုပြင်ဆိုပြီး
အကြံပေးကြသလို နောက် ပိုင်းမှာလည်း ဆံပင် မညှပ်ဘဲ အရှည်ထားခိုင်းကြပြီး
တချို့ ပရိသတ်တွေကလည်း အိုက်တင်ပိုင်းကို ကြိုက်ကြတယ် လို့ပြောကြောင်း
အိချောပို က ပရိသတ် ရဲ့ အသံကို ပြောပါတယ်။ “အိချောက ကာရိုက်တာ အစုံကို
သရုပ်ဆောင်ကြည့် ချင်တယ်။ ပရိသတ်တွေက အိချောကို ဘယ်ကာရိုက်တာ နဲ
့ပိုလိုက်တယ်ဆိုတာပဲ နားစွင့်နေရတယ်” လို့အိချောပို က ပြောပြ ပါ
တယ်

No comments :
Post a Comment