ရေအောက်၌ အသက်ရှူကိရိယာမပါဘဲ ၂၂မိနစ်နှင့် ၂၂စက္ကန့် အသက်ရှူအောင့်ပြပြီး ကမ္ဘာ့စံချိန်တင်
ဂျာမန်လူမျိုး
အလွတ် ရေငုပ်သမား တွမ်ဆိုက်တာ(၃၅ နှစ်)ဆိုသူသည် ရေအောက်၌ ၂၂ မိနစ်နှင့် ၂၂
စက္ကန့်ကြာ အသက်ရှူအောင့်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ကာ
ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း ထဲသို့ဝင်ရောက်သွားကြောင်း သိရသည်။ သူသည်
ဘရာဇီးလူမျိုးရီကာ ဒိုဘာဟီယာတင်ထားသည့် စံချိန်ဟောင်းကို
ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ဘာဟီယာ၏စံချိန်မှာ ၂၀မိနစ်နှင့် ၂၁
စက္ကန့်ဖြစ်သည်။ တွမ်ဆိုက်တာသည် ယခုသီတင်းပတ်အကုန်က တရုတ်နိုင်ငံတွင်
ယခုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်တာ၏ အဆုတ်သည်
ပုံမှန်လူများထက် လေကိုသိုလှောင်ထားနိုင်သည့် ပမာဏ ၂ဝရာခိုင်နှုန်း
ပိုများပြီး သူ၏ ရေငုပ်ပညာသင်တန်းမှူးက သူ၏အသက်ရှူအောင့်နိုင်စွမ်းကို
စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

Blogger Widgets
Back to Top
No comments :
Post a Comment