လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်အသစ်များကို ဝယ်ယူသင့်ကြောင်း၊ မဝယ်နိုင်ပါက ငှားရမ်းပြေးဆွဲသင့်ကြောင်းနှင့် လေယာဉ်မှူးများ ကလည်း လေကြောင်းလုံခြုံရေးကို တာဝန်ယူသင့်ကြောင်း သမ္မတ၏ ညွှန်ကြားချက်ကို ကိုးကား၍ ဝန်ကြီးက ပြောကြားသည်။
“လေယာဉ်သစ်တိုင်းလည်း စိတ်မချရပါဘူး။ ဆိုလိုတာကတော့ လူပေါ်မှာလည်း မူတည်ပါတယ်။ လေယာဉ်မှူးရဲ့ မှားယွင်းမှုတွေကြောင့်ပဲ လေယာဉ်မတော်တဆ ဖြစ်တာများတယ်” ဟု ASIA WINGS လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ လုပ်ဆောင်ပါက မတော်တဆမှု ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့်သာ မတော်တဆမှု ဖြစ်ပွားနိုင်ကြောင်း AIR KBZ လေကြောင်းလိုင်း မန်နေဂျာအဆင့်ရှိသူ တစ်ဦးက ဆိုသည်။
“လေယာဉ်မှူးတွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်ကိုက် လုပ်ဆောင်တတ်ဖို့ လိုတယ်” ဟု ဝန်ကြီးဦးဥာဏ်ထွန်းအောင်က လေယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေယာဉ်များကို သက်တမ်း ၂၅ နှစ်အထိသာ ခွင့်ပြုကြောင်း၊ နာရီပေါင်း ၁၅၀၀ ပျံသန်းနိုင်မည့် လေယာဉ်မှူးကြီးများကိုသာ လေယာဉ်မောင်းနှင် ပျံသန်းခွင့်ပြုကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ khitlunge .org.mm မှကူးယူဖေါ်ပြသည် လေယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် လေယာဉ်အသစ်များ ဝယ်ယူပြေးဆွဲရန် လေကြောင်းလိုင်းများသို့ သမ္မတက ညွှန်ကြားလိုက်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က မေလ ၂၇ ရက်နေ့က ပြုလုပ်သော လေယာဉ်မတော်တဆမှုများ လျှော့ချရေးအတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်အသစ်များကို ဝယ်ယူသင့်ကြောင်း၊ မဝယ်နိုင်ပါက ငှားရမ်းပြေးဆွဲသင့်ကြောင်းနှင့် လေယာဉ်မှူးများ ကလည်း လေကြောင်းလုံခြုံရေးကို တာဝန်ယူသင့်ကြောင်း သမ္မတ၏ ညွှန်ကြားချက်ကို ကိုးကား၍ ဝန်ကြီးက ပြောကြားသည်။
“လေယာဉ်သစ်တိုင်းလည်း စိတ်မချရပါဘူး။ ဆိုလိုတာကတော့ လူပေါ်မှာလည်း မူတည်ပါတယ်။ လေယာဉ်မှူးရဲ့ မှားယွင်းမှုတွေကြောင့်ပဲ လေယာဉ်မတော်တဆ ဖြစ်တာများတယ်” ဟု ASIA WINGS လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ လုပ်ဆောင်ပါက မတော်တဆမှု ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့်သာ မတော်တဆမှု ဖြစ်ပွားနိုင်ကြောင်း AIR KBZ လေကြောင်းလိုင်း မန်နေဂျာအဆင့်ရှိသူ တစ်ဦးက ဆိုသည်။
“လေယာဉ်မှူးတွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အချိန်ကိုက် လုပ်ဆောင်တတ်ဖို့ လိုတယ်” ဟု ဝန်ကြီးဦးဥာဏ်ထွန်းအောင်က လေယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေယာဉ်များကို သက်တမ်း ၂၅ နှစ်အထိသာ ခွင့်ပြုကြောင်း၊ နာရီပေါင်း ၁၅၀၀ ပျံသန်းနိုင်မည့် လေယာဉ်မှူးကြီးများကိုသာ လေယာဉ်မောင်းနှင် ပျံသန်းခွင့်ပြုကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ khitlunge .org.mm မှကူးယူဖေါ်ပြသည်
No comments :
Post a Comment