Blogger Widgets

Tuesday, 21 May 2013

တွံတေးမြို့နယ် ဇီဖြူကုန်း ကျေးရွာတွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၂၀။

တွံတေးမြို့နယ် ဇီဖြူကုန်းကျေးရွာတွင် မနေ့ည ၈နာရီခွဲခန့်က ဦးမင်းလွင်၏ ငါးမွေးမြူရေး ကန်တွင် အ
လုပ်သမားအချင်းချင်း အကြွေးတောင်း ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တွံတေးရဲစခန်းမှ သိရသည်။

“သက်ဆွေ အသက် (၂၆)နှစ်က ဝဲဘက် ထိုးသွင်းဒဏ်ရာနဲ့ တွံတေးဆေးရုံမှာ ဆေးကုသနေရင်း ဆုံးသွား
တယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ထိန်းသိမ်းထားတယ်”ဟု ရဲအုပ်သန်းထွန်းက ပြောကြားသည်။

ဖိုးဇော်(၁၈)နှစ်သည် သက်ဆွေက အကြွေးတောင်းသဖြင့် စကားများ ရန်ဖြစ်ကြပြီး တစ်ယောက်နှင့် တစ်
ယောက် ထိုးကြိတ်ကြ၍ ဖိုးဇော်မှာ လွယ်ထားသော လွယ်အိပ်ထဲမှ ဓားမြှောင်ဖြင့် သက်ဆွေအား ထိုးခဲ့ရာ
ဝဲဘက်ညှက်ရိုးအောက် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး တွံတေးမြို့ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ဖိုးဇော် (၁၈)နှစ်အား ပုဒ်မ ၃၀၂(က)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top