နော်ဝေးနိုင်ငံအစိုးရနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီနဲ့
ရေးဆွဲနေတဲ့ ခရီးသွား လုပ်ငန်း မဟာ အစီ အစဉ် အရ လာမယ့် ၂၀၁၅ ခုနှစ်မှာ
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃ သန်း လာရောက် လည်ပတ်မှာ
ဖြစ်တဲ့ အကြောင်း ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး နိုင်ငံ သံ အမတ် Katja Nordgaard ကို
နေပြည်တော်မှ တွေ့ဆုံစဉ်အတွင်း အကျယ်တဝင့် ရှင်းပြခဲ့တာဖြစ်တယ်လို့
မြန်မာ့အလင်းသတင်းစာက ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းက မြန်မာ နိုင်ငံကို လာရောက် လည်ပတ် တဲ့
နိုင်ငံခြားသား ခရီးသည် အရေ အတွက် ထက် ၃ ဆ အထိ မြင့်တက် လာဖို့
မြန်မာအစိုးရက မျော်မှန်းနေတာ ဖြစ်ပါတယ်။ အဆိုပါ ခရီးသွား လုပ်ငန်း
မဟာ အစီ အစဉ်ကို အခုနှစ်ကုန်ပိုင်းမှာ နေပြည်တော်မှာ
လက်ခံကျင်းပသွားဖို့ရှိနေတဲ့ အရှေ့ အာရှ ဆိုင်ရာ
ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ထည့်သွင်းတင်ပြသွားဖို့ ရှိတယ်လို့လည်း
ဆိုပါတယ်။
ဝန်ကြီး ဦးဌေးအောင်က အင်းလေးဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့
အခြေခံ အဆောက် အဦး ဖွံ့ဖြိုးရေး အစီအစဉ်တွေလုပ်သွားဖို့ကိုလည်း
ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း
လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဦးရေတိုးတက်လာတဲ့အကြောင်း
ခရီးသွားလုပ်ငန်းအချက်အလက် ထုတ်ဖော်ချက်တွေအရ သိရပါ တယ်။
အခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၇
ကြိမ်မြောက် အရှေ့ တောင် အာရှ ဆီးဂိမ်း အားကစားပွဲတွေနဲ့ လာမယ့် ၂၀၁၄
ခုနှစ်မှာ လက်ခံကျင်းပမယ့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ
ထိပ်သီးအစည်းအဝေးတို့ကြောင့်လည်း မြန်မာနိုင်ငံကို နိုင်ငံခြား သား
အများ အပြား လာရောက်ကြဖို့ ရှိနေပါတယ်။

No comments :
Post a Comment