Pages

Wednesday, 29 May 2013

တစ်ကိုယ်လုံး အမွေးအမှင်များ ထူထပ်စွာ ပေါက်ရောက်နေသည့် ကလေးငယ် တစ်ဦး ဆေးကုသမှု ခံယူတော့မည်

ပေကျင်း   မေ   ၂၈
မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးအမှင်များ ထူထဲစွာ ပေါက်ရောက်နေသည့် တရုတ်နိုင်ငံမှ အသက် ၄ နှစ်အရွယ်ရှိ ကျန်းကျန်းဆိုသော မိန်းကလေးငယ် လေးအား ကုသပေးမည် ဟု နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့ရှိ ဆရာဝန်များက သူမ၏ မိဘများထံ ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
ကျန်းကျန်းခံစား နေရသည့် ရောဂါ ဝေဒနာမှာ Hypertrichosis ပုံစံမျိုးဖြစ်ပြီး မျိုးရိုးဗီဇ သန္ဓေပြောင်း လဲမှုကြောင့် သူမ၏မျက်နှာနှင့် ကိုယ်ခန္ဓာတွင် အမွေးအမှင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး နှုတ်ခမ်းနှင့် မုတ်ဆိတ်မွေးများသည် သာမန် ကလေးများငယ်များ ထက်  ရှည်နေပြီ ဖြစ်သည်။
ကျန်းကျန်း၏ ရောဂါဝေဒနာကို အရှင်း ပျောက်ကင်းရန်အတွက် နှစ်နှစ်ကြာ ကုသရမည် ဖြစ်သည်။ သမီးဖြစ်သူ၏ ဝေဒနာကို ပျောက်ကင်းရန် ကုသပေးမည်ဟု ဆိုသော ဆေး ပညာဆိုင်ရာ ကျွမ်းကျင်သူများကို သူမ၏ မိခင်ဖြစ်သူက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment