ပင်လယ်အောက်မှ ပန်းကန်ပြားပျံကို ဆယ်ယူပြီ
ပေ၁၃၀၀(မီတာ၄၀၀)ခန့် ရှည်လျား၍ လုံးပတ် ပေ၂၀၀(မီတာ၆၀)ခန့် ရှိသည့်
အမျိုးအမည်မသိ ထူးခြားလှသောယာဉ်တစ်မျိုးကို
ဆွီဒင်နှင့်ဖင်လန်နိုင်ငံကြားရှိ ဘောလ်တစ် ပင်လယ်အောက်ဘက်
ပေ၁၀၀၀(မီတာ၃၀၀)အနက်မှ ဆယ်ယူနိုင်ပြီဖြစ်ကြောင်း ဆွီဒင်မှသမုဒ္ဒရာ
စူးစမ်းရှာဖွေရေးအဖွဲ့က ဇွန်လ၁ရက်မှာ
ထုတ်ဖော်ပြောကြားလိုက်သည်။ကြယ်တာရာစစ်ပွဲမျိုးမှာသုံးသည့်
ယာဉ်နှင့်ဆင်တူသော အဆိုပါယာဉ်မှာကမ္ဘာမြေနှင့်
မိုင်သန်းပေါင်းများစွာကွာဝေးသော စကြ၀ဠာတစ်နေရာ
ကျရောက်လာခြင်းဖြစ်မည်ဟု ပညာရှင်များက တွက်ဆထားကြသည်။
ရေငုပ်သမားများက ပထမကမ္ဘာစစ်အတွင်းက ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားသည့်
သင်္ဘောပျက်များကို ရှာဖွေနေချိန်မှာ ထူးခြားဆန်းပြားသည့်ယာဉ်ကို
ခြေရာခံမိကြခြင်းဖြစ်သည်။ ထို့ကြောင့် အသံလှိုင်းဖြင့် ရေအောက်ရှိ
ပစ္စည်းများကို ရှာဖွေနိုင်သော ဆိုနာနည်းပညာကို သုံးထားသည့်
ရေအောက်ကင်မရာများကိုသုံးပြီး၊ အဆိုပါယာဉ်ကို ဆယ်ယူလိုက်ကြခြင်းဖြစ်သည်။

Blogger Widgets
Back to Top
No comments :
Post a Comment