ထိုသို့ကြိုးပမ်းနေစဉ် နံနက် (၁၀)နာရီခန့်တွင် မစ္စအနန်အက် ခတာ၏ အကူအညီတောင်းခံနေ သံကိုကြားရသဖြင့် ရှာဖွေကြည့် ရာ သူမအားတွေ့ရှိရပြီး သူမ အနီးတွင်လည်း အလောင်းနှစ် လောင်း ရှိနေသည်။ မစ္စတာဒီ ဒါက မစ္စအနန်အက်ခတာအား ကယ်တင်နိုင်ရန် နည်းလမ်းရှာ ကြည့်သည်။
ယန္တရားသုံး၍ ကယ်တင် မည်ဆိုပါက အဆောက်အအုံ၏ အမိုး ထပ်မံပြိုကျလာမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် သူမ အား ကယ်တင်နိုင်ရန် တစ်ခု တည်းသောနည်းလမ်းမှာ ပိမိ နေသော သူမ၏လက်အားဖြတ် ပစ်ရန်ပင်ဖြစ်သည်။ ထို့ကြောင့် မစ္စတာဒီဒါက မစ္စအနန်အက် ခတာအား သူမ၏လက်ကို ဖြတ် ၍ ကယ်တင်မှ ရနိုင်မည်ဖြစ် ကြောင်း ပြောကြားရာ သူမက သဘောတူခဲ့သည်။
မစ္စတာဒီဒါသည် ပြိုကျနေ သော အဆောက်အအုံအပြင် ဘက်သို့ ပြန်လည်ထွက်သွားပြီး ဆရာဝန်တစ်ဦးထံအကူအညီ တောင်းခံခဲ့ရာ ဆရာဝန်က အဆောက်အအုံအောက်သို့ဝင် ရန် အလွန်ကြောက်ရွံ့နေသဖြင့် ၎င်းအကြံပြုသည့်အတိုင်း ထိုး ဆေး(၁)လုံးနှင့် ခွဲစိတ်ဓားတစ် ချောင်းကိုယူ၍ မစ္စအနန်အက်ခ တာထံသို့ ပြန်လည်သွားရောက် ပြီး ဆေးထိုးပေးကာ လက်အား စတင်ဖြတ်တောက်ခဲ့သည်။
ခွဲစိတ်ဓားမှာလည်း ထင် သလောက်မထက်သဖြင့် မစ္စတာ ဒီဒါအနေနှင့် မစ္စအနန်အက် ခတာ၏လက်အားလေးနာရီကြာ ဖြတ်တောက်ကယ်တင်ခဲ့ရသည်
No comments:
Post a Comment