Blogger Widgets

Friday, 17 May 2013

ဒူဘိုင်းမှ ကမ္ဘာ့ဈေးအကြီးဆုံး ရဲကားများ

Photo: ဒူဘိုင်းမှ ကမ္ဘာ့ဈေးအကြီးဆုံး ရဲကားများ 

ပုံမှာ မြင်တွေ့နေရတဲ့ ကားအားလုံးက တကယ်ပဲ ဒူဘိုင်းမြို့ မှာ ရဲကား အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ကားများ ဖြစ်ပါတယ်။ 

အမေရိကန်ဒေါ်လာ ၂.၂ သန်း တန်ဖိုးရှိတဲ့ ၂၀၁၃ ထွက် အသစ်ဆက်ဆက် အီတလီ Lamborghini Aventador LP4 တောင် ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့ မှာ အစီးရေ ရာဂဏန်းကျော် ရဲကား အဖြစ် မောင်းနှင်နေကြပါတယ်။ အီတလီ Ferrari မှ ထုတ်တဲ့ အမေရိကန်ဒေါ်လာ သိန်းချီတန် Ferrari FF ပြိုင်ကားများလည်း ယူအေအီးအစိုးရမှ မှာယူပေးထားပါတယ်။ 

ဗြိတိန်က ကမ္ဘာ့ဈေးအကြီးဆုံး ကား Brand များဖြစ်တဲ့ Aston Martin, Bentley တို့တောင် မြို့ စောင့် ရဲများ အသုံးပြုဖို့အတွက် အသုံးပြု ပါတယ်။ အမေရိကန် ပြိုင်ကားများ ဖြစ်တဲ့ Mercedes CLS, Dodge, Chevrolet Camaro တို့လည်း ရှိပါသေးတယ်။ Porsche ကားလည်း ရှိပါတယ်။ 

ဒူဘိုင်းမြို့ မှာ နေထိုင်သူ အများစုက သူဌေးများ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင် ကားစီးသူများပြီး အကြမ်းပရမ်းမောင်းနှင်သူ၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူ များလည်း ရှိနေပါတယ်။ ဒါကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်၊ ဖမ်းဆီးနိုင်ဖို့အတွက် chasing မှာ အမြန်ဆုံး ပြေးနိုင်အောင် ကမ္ဘာ့အကောင်းဆုံး ပြိုင်ကားတွေကိုမှ မှာယူ ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 
-
Ref: techblog
International news for myanmar

ဒူဘိုင်းမြို့ မှာ နေထိုင်သူ အများစုက သူဌေးများ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင် ကားစီးသူများပြီး အကြမ်းပရမ်းမောင်းနှင်သူ၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူ များလည်း ရှိနေပါတယ်။ ဒါကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်၊ ဖမ်းဆီးနိုင်ဖို့အတွက် chasing မှာ အမြန်ဆုံး ပြေးနိုင်အောင် ကမ္ဘာ့အကောင်းဆုံး ပြိုင်ကားတွေကိုမှ မှာယူ ခြင်း ဖြစ်ကြောင်း သိရပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top